Social space တစ်ခုအဖြစ် အသွင်ပြောင်းနေပါတယ်
Nyein Min Wai

Fortnite မှ မှတ်ပုံတင်ထားတဲ့ players ပေါင်း သန်း ၃၅၀ ကျော် ရှိလာပြီလို့ ဒီဂိမ်းကိုရေးဆွဲတဲ့ Epic Games က ကြေညာပါတယ်။


အခမဲ့ကစားနိုင်တဲ့ Fortnite ဟာ ပြီးခဲ့တဲ့နှစ် မတ်လထဲမှာ ကစားသူ သန်း ၂၅၀ ခန့် ရှိခဲ့တာ ဖြစ်ပါတယ်။ Fortnite ရဲ့ Twitter မှာတော့ ဧပြီတစ်လထဲနဲ့ Fortnite ဂိမ်းကစားသူတွေဟာ နာရီပေါင်း သန်း ၃၂၀၀ ကျော် ကြာအောင် ကစားခဲ့တယ်လို့ ဆိုပါတယ်။ လစဉ် ၊ နေ့စဉ် ဝင်ရောက်ကစားတဲ့ player အရေအတွက်ကိုတော့ Fortnite ဘက်က မထုတ်ပြန်ခဲ့ပါဘူး။

Photo: One News Page

Fortnite ဟာ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း ဒေါင်းလုပ်ဆွဲမှု အများဆုံး မိုဘိုင်းနဲ့ PC ဂိမ်းတွေထဲက အကျော်ကြားဆုံး ဂိမ်းတစ်ခု ဖြစ်လာပါတယ်။ ဒီဂိမ်းကို PC ၊ Console နဲ့ Mobile ပလက်ဖောင်းအားလုံးမှာ ဖြန့်ချိထားတာ ဖြစ်ပြီး ပုံမှန်လည်း update ပေးနေပါတယ်။ မကြာသေးခင်ကလည်း Epic Games ဟာ ပုံရိပ်ယောင် ပါတီတစ်ခု ဖြစ်တဲ့ Party Royale ဆိုပြီး feature တစ်ခု လုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။

မေလ ၈ ရက်နေ့မှာ လုပ်ဆောင်သွားမယ့် Party Royale Premiere LIVE မှာ အမေရိကန် DJ အနုပညာရှင်တွေ ဖြစ်တဲ့ ဒီလွန်ဟတ်ဖရန်ဆစ် ၊ စတီဗင် ဟီရိုဘူကီ အေရိုးကိနဲ့ deadmau5 တို့ ဖျော်ဖြေသွားမှာပါ။ ပြီးခဲ့တဲ့ လကလည်း Epic Games ဟာ နာမည်ကြီး အနုပညာရှင် ရက်ပါတွေ ဖြစ်တဲ့ ထရာဗစ် စကော့ နဲ့ DJ သမား ဒစ်ပလိုတို့ ပါဝင်တဲ့ Live Concert ပွဲကို ပလက်ဖောင်းကနေ ကျင်းပခဲ့ပြီး စကော့ရဲ့ ပွဲမှာ ကြည့်ရှုသူ ၁၂.၃ သန်းအထိ ရှိခဲ့ပါတယ်။

Photo: BBC


Fortnite Party Royale ဟာ ကစားသူတိုင်း လာရောက်စုဝေးနိုင်တဲ့ Virtual space တစ်ခု ဖြစ်ပါတယ်။ Epic ဟာ Fortnite ကို ဒီဂျစ်တယ်ဖျော်ဖြေရေးနေရာတစ်ခုအဖြစ် အသွင်ပြောင်းဖို့ ကြိုးစားနေတာပါ။ Fortnite ဟာ တဖြည်းဖြည်းနဲ့ သေနတ်ကင်းစင်တဲ့ Gun-Free Social Space တစ်ခု ဖြစ်လာနေပါတယ်။ party royale mode များ ၊ social space အသွင်ပြောင်းမှုများနဲ့ virtual concert ပွဲများ စတဲ့ လုပ်ဆောင်ချက်တွေဟာ Epic ရဲ့ 3D လောကအတွင်းက သက်ဝင်လှုပ်ရှားနေတဲ့ ပုံရိပ်ယောင် လူမှုကွန်ရက်တည်ဆောက်မှု အစီအစဉ်ရဲ့ အစိတ်အပိုင်း တွေ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း စံချိန်တင် ဝင်ငွေ ဒေါ်လာ ၂.၄ ဘီလျံ ရခဲ့တဲ့ Fortnite ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဝင်ငွေဒေါ်လာ ၁.၈ ဘီလျံ ရခဲ့ပါတယ်။ ဝင်ငွေရရှိမှု ကျဆင်းသွားပေမယ့် Fortnite ဟာ ၂၀၁၉ ခုနှစ်ရဲ့ ဝင်ငွေ အမြင့်ဆုံး အခမဲ့ကစားနိုင်တဲ့ ဗွီဒီယိုဂိမ်းအဖြစ် ရပ်တည်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က