PUBG Mobile ရဲ့ တရုတ်နာမည်သစ်ပါ

PUBG Mobile ဂိမ်းကို တရုတ်မှာ ပိတ်ပင်ခံရပြီးနောက် Tencent Holdings ဟာ Game for Peace နာမည်နဲ့ဂိမ်းသစ်ကို မိတ်ဆက်ခဲ့ပြီး စံချိန်တင် ဝင်ငွေ ရရှိနေပါတယ်။

         Tencent ဟာ တရုတ်ကနေ ထွက်ခွာသွားတဲ့ PUBG Mobile အစား game play ပုံစံချင်းတူတဲ့ Game For Peace ကို ဖြန့်ချိခဲ့ပါတယ်။ တရုတ်မှာ နေ့စဉ်ကစားသူ သန်း ၇၀ ဝန်းကျင်ရှိခဲ့တဲ့ PUBG Mobile ကို Tencent နဲ့PUBG Corp တို့မှ ပူးတွဲပိုင်ဆိုင်ထားတာပါ။ PUBG Mobile တရုတ်က ထွက်ခဲ့ရပြီးနောက် Tencent ဟာ အရင် PUBG Mobile ပလေယာတွေရဲ့ အားနဲ့Game For Peace ကို မိတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo: greenmangaming

         အခမဲ့ကစားနိုင်တဲ့ PUBG Mobile တရုတ်မှာ အပိတ်ခံရပြီးနောက် Tencent ဟာ အရင် PUBG ကစားသူတွေရဲ့ အချက်အလက်နဲ့အလိုအလျောက် ပေါင်းပြီး ကစားနိုင်မယ့် Game For Peace ကို ပွဲထုတ်ပေးခဲ့ပါတယ်။

ဒီဂိမ်းဟာ iOS ဗားရှင်းအဖြစ် Apple ရဲ့ တရုတ် App Store မှာ မိတ်ဆက်ပြီး ၃ ရက်အတွင်း Tencent ကို ဒေါ်လာ ၁၄ သန်း ရှာပေးခဲ့သလို တရုတ် App Storeရဲ့ ဒေါင်းလုပ်ဆွဲမှု အများဆုံးနဲ့ဝင်ငွေအကြမ်းဆုံး ဂိမ်း ဖြစ်နေတယ်လို့Sensor Tower ရဲ့ အချက်အလက်များမှာ ဖော်ပြထားပါတယ်။

        Tencent ဟာ ပြီးခဲ့တဲ့လက ဂိမ်းနာမည်သစ်နဲ့ဝင်ငွေရှာခွင့် ရခဲ့ပြီးနောက် Skin နဲ့in-item ဂိမ်းပစ္စည်း အရောင်းအဝယ်နဲ့အခုလို ဝင်ငွေသစ် ရလာခဲ့တာပါ။ Game For peace ဟာ အသက် ၁၆ နှစ်နဲ့အထက် လူငယ်တွေ ကစားနိုင်တဲ့ ဂိမ်းဖြစ်ပြီး အသက် ၁၆ နှစ်နဲ့၁၈ နှစ်အကြား ဂိမ်းကစားသူများကို တစ်ရက် ၂ နာရီပဲ ကစားခွင့် ကန့်သတ်ထားပါတယ်။

         တရုတ်ရင်းနှီးမြှပ်နှံမှုဘဏ် China Renaissance ရဲ့ ဈေးကွက်ကျွမ်းကျင်သူများကတော့ Game For Peace ကနေ Tencent ဟာ တစ်နှစ်အတွင်း ဒေါ်လာ ၁.၄၈ ဘီလျံအထိ ရဖို့ရှိတယ်လို့ဆိုပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ဂိမ်းဈေးကွက်ထဲမှာ ပါပြီး ဂိမ်းကစားသူ သန်း ၆၀၀ ကျော် ရှိနေပါတယ်။



က္က