လစဉ်သုံးစွဲသူ သန်း ၂၇၀ ကျော် ရှိတဲ့ AppStore ဖြစ်ပါတယ်။

Huawei ဟာ developers တစ်ချို့ကို မေးလ်ပို့ပြီး AppGallery မှာ လာပူးပေါင်းဖို့ဖိတ်ကြားနေတယ်လို့ဆိုပါတယ်။


                                   Google ရဲ့ Android လိုင်စင် အသိမ်းခံရပြီးနောက် Huawei ဟာ ကိုယ်ပိုင် OS ပလက်ဖောင်းတစ်ခု ဖြန့်ချိဖို့ပြင်နေသလို ကိုယ်ပိုင် App Store ဖြစ်တဲ့ AppGallery ကိုလည်း app သစ်တွေ စုံလင်အောင် စီမံလာတာ ဖြစ်ပါတယ်။ XDA-Developers သတင်းနဲ့တွေ့ဆုံခဲ့တဲ့ စိတ်ချရတဲ့ developer တစ်ယောက်ကတော့ Huawei ဟာ သူ့ဆီကို AppGallery Store ပေါ် သူ့ရဲ့ app တွေ တင်ဖို့အီးမေလ်းနဲ့ဖိတ်ထားတယ်လို့ဆိုပါတယ်။




Photo: Curved                


                   ဒီမေးလ်မှာပံဲ ကုမ္ဗဏီအနေနဲ့developers တွေကို AppGallery ပေါ်မှာ app တွေ တင်ဖို့အပြည့်အဝ ပံ့ပိုးကူညီသွားမယ်လို့ဖော်ပြထားပြီး ဒီမေးလ်ဟာ developers ပေါင်း ၅၆၀၀၀၀ ကျော် ရှိတဲ့ community တစ်ခုဆီလည်း ဖိတ်ကြားထားတယ်လို့ဆိုပါတယ်။

                                   Huawei AppStore ဟာ လစဉ်သုံးစွဲသူ သန်း ၂၇၀ ကျော် ရှိနေတဲ့ App Store တစ်ခု ဖြစ်ပြီး  Huawei ဖုန်းတွေမှာ Pre-load ပါလာတဲ့ ဝန်ဆောင်မှူတစ်ခုလည်း ဖြစ်ပါတယ်။ developers တွေကို ပေးပို့တဲ့ မေးလ်ထဲမှာပဲ Huawei ဟာ ၂ နှစ်ကျော်အတွင်း စမတ်ဖုန်းပေါင်း သန်း ၃၅၀ ကျော် တင်ပို့ရောင်းချခဲ့ပြီး ဖြစ်တယ်လို့ဖော်ပြထားပါတယ်။

                                    

Photo: XDA-Developers

                                   မေလလယ်က စပြီး အမေရိကန် သမ္မတထရမ့်ရဲ့ အမိန့်ကြေညာချက်နဲ့အတူ Google ဟာ သူ့ရဲ့ Android OS ဝန်ဆောင်မှူနဲ့Play Store အပါအဝင် Google services တွေကို Huawei ပေါ် ပေးမှူ ရပ်ဆိုင်းခဲ့သလို အမေရိကန် hardware supplier များ ၊ chip designers များ ၊ စံနှူန်းသတ်မှတ်ရေးဆိုင်ရာ အဖွဲ့အစည်းများနဲ့လူမှူကွန်ရက်ကုမ္ဗဏီတစ်ချို့ကပါ Huawei နဲ့စီးပွားရေး ပူးပေါင်းမှူ ဖြတ်တောက်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

                                   လက်ရှိမှာ Huawei ဟာ အမေရိကန်အစိုးရ ကုန်သွယ်ရေးဌာနရဲ့ ရက် ၉၀ ဖြေလျှော့မှူနဲ့ကွန်ရက်နဲ့ပစ္စည်းအစိတ်အပိုင်းတွေကို အမေရိကန်ကုမ္ဗဏီတွေဆီက ဝယ်ယူနိုင်ပေမယ့် ရက် ၉၀ အလွန်မှာ မသေချာမှူတွေ ရှိနေဆဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က