စစ်ဆေးမယ့်ရက် မထွက်သေးပါဘူး

ပြီးခဲ့တဲ့တစ်ပတ်မှာ ကုမ္ပဏီတာဝန်ရှိသူတွေဟာ ကွန်ဂရက်ရှေ့မှောက် လိမ်လည်ပြီး ထွက်ချက်ပေးခဲ့တယ်ဆိုတဲ့ ဒီမိုကရက်တစ်ခေါင်းဆောင်တစ်ယောက်ရဲ့ စွပ်စွဲမှု ထွက်လာပြီးနောက် Amazon CEO ဂျက်ဖ်ဘီဇော့ကို အစစ်ဆေးခံဖို့ ဂျူရီကော်မတီမှ ဆင့်ခေါ်ထားပါတယ်။

ဘီဇော့ကို ပေးပို့ထားတဲ့ စာမှာ နှစ်ဖက်ပါတီဝင် ၇ ဦးပါ ကော်မတီဟာ The Wall Street Journal သတင်းမှာ ပါရှိတဲ့ လွတ်လပ်တဲ့ ရောင်းချသူတွေရဲ့ အချက်အလက်ကို သုံးပြီး Amazon ဟာ ကိုယ်ပိုင်ဈေးကွက်ပြိုင် ထုတ်ကုန်တွေ ဖန်တီးခဲ့တယ်ဆိုတဲ့ အချက်ကို စုံစမ်းမေးမြန်းဖို့ ဆင့်ခေါ်တာ ဖြစ်တယ်လို့ The Verge က ဆိုပါတယ်။ 




Photo: RFI

Amazon ဝန်ထမ်းတွေဟာ ကုမ္ပဏီရဲ့ ကိုယ်ပိုင် Private-level brands တွေအောက်မှာ ဈေးကွက်ပြိုင်ထုတ်ကုန်တွေ ဖြန့်ချိဖို့ Third-party Seller တွေရဲ့ အချက်အလက်တွေ ရယူခဲ့တယ်လို့ ဝန်ထမ်းဟောင်း ၂၀ ကျော်ရဲ့ ပြောဆိုချက်ကို The Wall Street Journal မှ ဖော်ပြခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ထဲမှာ House Judiciary Committee ရဲ့ ဆပ်ကော်မတီတစ်ခုဟာ Facebook ၊ Apple ၊ Amazon နဲ့ Google တို့လို နည်းပညာကုမ္ပဏီကြီးများအတွင်း ဈေးကွက်ပြိုင်ဆိုင်မှုချိုးဖောက်ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးမှု လုပ်ခဲ့ပါတယ်။

Amazon ဘက်က ကုမ္ပဏီရဲ့ ပူးတွဲအထွေထွေအတိုင်ပင်ခံ နိတ်ဆတ်တန်က ကော်မတီရဲ့ ရှေ့မှာ စစ်ဆေးခံခဲ့ပါတယ်။ စစ်ဆေးလျှောက်လှဲချက်အတွင်း Amazon ဟာ ကိုယ်ပိုင်ထုတ်ကုန်များ ထုတ်လုပ်ဖို့ လွတ်လပ်တဲ့ ရောင်းချသူများဆီက အချက်အလက် ရယူခြင်း မရှိကြောင်း ပြောခဲ့ပါတယ်။ Wall Street Journal က ရတဲ့ အချက်အလက်ကတော့ ဆတ်တန်ရဲ့ လျှောက်လှဲချက်နဲ့ ကွဲလွဲနေတာပါ။

"Amazon အနေနဲ့ ကုမ္ပဏီရဲ့ စီးပွားရေးလုပ်ထုံးတွေအကြောင်း လာရောက်ရှင်းလင်းဖို့ အခွင့်အရေးတွေ အများကြီး ရှိထားတာပါ။ ဒါအစားအမှုဆောင်တွေဟာ ကော်မတီနဲ့ အများပြည်သူကို ထပ်တလဲလဲ လှည့်ဖျားခဲ့ကြပါတယ်။" လို့ ယုံကြည်မှုချိုးဖောက်ခြင်းဆိုင်ရာ ဆပ်ကော်မတီရဲ့ ဥက္ကဌ ဒေးဗစ်စီစီလိုင်းက သူ့ရဲ့ Tweet မှာ ရေးသားထားပါတယ်။

Photo: Wall Street Journal

ကော်မတီအနေနဲ့ ကြားနာမယ့်ရက်အတိအကျ ပေးမထားသေးပါဘူး။ ကော်မတီကတော့ ဘီဇော့စ်အနေနဲ့ သူ့သဘောဆန္ဒအတိုင်း လာရောက် စစ်ဆေးခံဖို့ မျှော်လင့်ပြီး ဒီလိုမှ မဟုတ်ရင် အမိန့်နဲ့ မလာမဖြစ် လာဖို့ ညွှန်ကြားသွားမယ်လို့ ဆိုပါတယ်။ Facebook ၊ Apple ၊ Google နဲ့ Amazon နည်းပညာကုမ္ပဏီကြီး ၄ ခုမှာ ဂျက်ဖ်ဘီဇော့စ်တစ်ယောက်ပဲ ကွန်ဂရက်ရှေ့မှောက် တစ်ခါမှ အစစ်ဆေးခံ ရောက်မလာခဲ့တာ ဖြစ်ပါတယ်။

Amazon အနေနဲ့ ဒီအကြောင်းနဲ့ ပတ်သက်လို့ မှတ်ချက်ချခြင်း မရှိပေမယ့် Wall Street Journal သတင်း ထွက်လာပြီးနောက် ကုမ္ပဏီအတွင်း စုံစမ်းမှု လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ "Wall Street Journal ဘက်က ပြောကြားခက်တွေ မှန်ကန်ကြောင်း ကျွန်တော်တို့ မယုံကြည်ပေမယ့် ဒီစွပ်စွဲချက်တွေကို အလေးအနက် ဖြေရှင်းနေပါတယ်" လို့ Amazon က ထုတ်ပြန်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က