5G ဝန်ဆောင်မှုတွေ လာတော့မှာပါ
Nyein Min Wai

၂၀၁၉ အတွင်းမှာ 5G ကို စီးပွားဖြစ် အသုံးပြုတဲ့နိုင်ငံပေါင်း ၆၀ ကျော် ရှိလာမှာ ဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ လာမယ့် ၂၀၂၀-၂၀၂၁ ခုနှစ်မှာ 5G ကွန်ရက် အသုံးပြုနိုင်ဖို့ရှိတယ်လို့Huawei က ခန့်မှန်းထားပါတယ်။

Photo: Duwun Tech

         ရန်ကုန်မြို့မြန်မာပလာဇာမှာ ရှိတဲ့ Huawei ရုံးချုပ်မှာ ဧပြီ ၂၉ ရက် (ဒီနေ့) ကျင်းပတဲ့ Huawei Myanmar ICT Congress 2019 မှာ ပြောကြားခဲ့တာ ဖြစ်ပြီး ပြည်တွင်းက ဆက်သွယ်ရေး လုပ်ငန်းတွေနဲ့လည်း 5G ကွန်ရက်ဖြန့်ကျက်နိုင်စေဖို့လက်တွဲလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ Huawei ဟာ 5G ဗားရှင်း Huawei Mate X ကိုလည်း ဒီပွဲမှာ မိတ်ဆက်ထားပြီး ဒီနှစ်ကုန်ပိုင်း ပြည်တွင်းဈေးကွက်မှာ ရောင်းချသွားမယ်လို့ကြေညာထားတာပါ။

         " မြန်မာနိုင်ငံအတွင်း ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးရေးအတွက် Huawei အနေနဲ့ကတိကဝတ်ပြုထားပြီး Digital Ecosystem တစ်ခု ပေါ်ပေါက်ဖို့မိတ်ဘက်အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်နေပါတယ်။ " လို့Huawei Myanmar ရဲ့ CTO ဖြစ်သူ မစ္စတာ ဂျင်ဟီးလ်က ဆိုပါတယ်။"ကျွန်တော့်အထင် မြန်မာနိုင်ငံမှာ 5G ကို commercial အနေနဲ့စီးပွားဖြစ်သုံးနိုင်ဖို့ဟာ လာမယ့် ၂၀၂၀ -၂၀၂၁ ဖြစ်ဖို့ရှိပါတယ်။"

Photo: Duwun Tech

         Huawei ဟာ အစိုးရနဲ့ပူးပေါင်းပြီး 5G ကွန်ရက်အတွက် စံနှုန်းနဲ့လှိုင်းနှုန်းစဉ် သတ်မှတ်ရေးမှာလည်း ပါဝင်ကူညီထားတယ်လို့ဆိုပါတယ်။ ပြည်တွင်းစားသုံးသူများအကြားမှာ Huawei ကို ဖုန်းကုမ္ပဏီတစ်ခုအနေနဲ့လူသိများပေမယ့် တကယ်တမ်း Huawei ရဲ့ ရည်ရွယ်ချက်ဟာ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုနဲ့နည်းပညာ solution တွေ ပေးဖို့ရည်ရွယ်လာတပါ။

         Myanmar ICT Congress 2019 ပွဲမှာတော့ Huawei ဟာ 5G is ON ခေါင်းစဉ်နဲ့5G E2E solutions များ ၊ Huawei Cloud Solutions များ ၊ B2C ၊ B2H နဲ့B2B စီးပွားရေးလုပ်ငန်းဆိုင်ရာ နည်းပညာ solutions များမိတ်ဆက်ပြသခဲ့ပါတယ်။  ၂၀၁၉ မတ်လကုန်ပိုင်းမှာ Huawei ဟာ တစ်ကမ္ဘာလုံးမှာ 5G Commercial contract ပေါင်း ၄၀ ချုပ်ဆိုထားပြီး ဥရောမှာ ၂၃ ခု ၊ အာဖရိကမှာ တစ်ခု ၊ အာရှပစိဖိတ်နဲ့အရှေ့အလယ်ပိုင်းမှာ စာချုပ် ၆ ခုနဲ့၁၀ ခုစီ ချုပ်ဆိုထားတယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က