ဒေါင်းလုပ်ဆွဲမှုပေါင်း ၇၃၄ သန်းအထိ ရှိပါတယ်

PUBG Mobile လို့ လူသိများတဲ့ PlayerUnknown's Battleground Mobile ဂိမ်းဟာ လူအများနဲ့ ကစားရတဲ့ Mobile Multiplayer Gaming ဈေးကွက်မှာ အင်အားအကြီးဆုံးအဖြစ် ကြီးစိုးနေသလို ဝင်ငွေအရလည်း စံချိန်သစ် တင်ခဲ့ပါတယ်။

Sensor Tower ရဲ့ အချက်အလက်တွေအရ PUBG Mobile ဟာ ဂိမ်းသက်တမ်းတစ်လျှောက် ဝင်ငွေ ဒေါ်လာ ၃ ဘီလျံအထိ ဝင်ခဲ့တယ်လို့ဆိုပါတယ်။ PUBG Mobile ကို ၂၀၁၈ ဖေဖော်ဝါရီ ၉ ရက်နေ့က အန်းဒရိုက်နဲ့ iOS တွေပေါ် စတင်ဖြန်ချိခဲ့တာဖြစ်လို့ ဂိမ်းသက်တမ်းအနေနဲ့ ၂ နှစ်ကျော်ပဲ ရှိသေးတာ ဖြစ်ပါတယ်။ 




၂၀၂၀ တစ်နှစ်အတွင်း PUBG Mobile ဟာ ဒေါ်လာ ၁.၃ ဘီလျံအထိ ဝင်ငွေရခဲ့တယ်လို့ဆိုပါတယ်။ ဝင်ငွေအနေနဲ့ PUBG Mobile နဲ့ တရုတ်ဗားရှင်း Game For Peace နှစ်ခုပေါင်းပြီး ရခဲ့တာကို ထုတ်ပြန်တာပါ။ COVID-19 ကပ်ဘေးကြောင့် အသွားအလာကန့်သတ်ထားပြီး အိမ်တွင်းမှာပဲ အနေများလာခြင်းဟာလည်း ဂိမ်းဝင်ငွေ ပိုတိုးလာစေတဲ့ အကြောင်းတစ်ခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လတစ်လအတွင်းမှာကို PUBG Mobile ဟာ ဝင်ငွေ ဒေါ်လာသန်း ၂၇၀ အထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ Bluehole ပိုင် PUBG Mobile ဟာ Multiplayer Battle Royale ဂိမ်းလောကကို လွှမ်းမိုးထားပြီး နာမည်ကျော် ပြိုင်ဘက်ဂိမ်း Garena Free Fire ထက် ဝင်ငွေ ၄ ဆခန့် ပိုရခဲ့တာ ဖြစ်ပါတယ်။ 

Photo: mobygeek


Garena Free Fire ဟာ ယခုနှစ်အတွင်း ဒေါ်လာ သန်း ၃၀၀ ကျော် ဝင်ခဲ့ပြီး NetEase ထုတ် Knives Out ဂိမ်းဟာ ဒေါ်လာ သန်း ၂၆၀ ကျော်နဲ့ Activision ရဲ့ Call of Duty: Mobile ဟာ ဒေါ်လာသန်း ၂၂၀ ဝင်ခဲ့ပါတယ်။ PUBG Mobile ရဲ့ အဓိကဝင်ငွေဟာ တရုတ်ဗားရှင်း Game for Peace ကနေ ရတာ ဖြစ်ပြီး တရုတ် App Store တစ်ခုတည်းကနေ ဝင်ငွေစုစုပေါင်းရဲ့ ၅၂% (ဒေါ်လာ ၁.၆ ဘီလျံ) အထိ ဝင်ခဲ့ပါတယ်။ 

ကမ္ဘာတဝန်းမှာ ဒီဂိမ်းကို ဒေါင်းလုပ်ဆွဲမှုပေါင်း ၇၃၄ သန်းရှိနေပါတယ်။ ဒေါင်းလုပ်ဆွဲမှုပေါင်းရဲ့ ၂၄% ဟာ အိန္ဒိယမှ ဖြစ်ပြီး တရုတ်နဲ့ အမေရိကန်တို့က ၁၆.၇% နဲ့ ၆.၄% စီ ဒေါင်းလုပ်ဆွဲထားကြပါတယ်။ ဂိမ်းအပေါ် ငွေသုံးစွဲမှုမှာ တရုတ်နိုင်ငံဟာ ဝင်ငွေစုစုပေါင်းရဲ့ ၅၂% နဲ့ အမြင့်ဆုံးဖြစ်ပြီး အမေရိကန်နဲ့ ဂျပန်က ၁၄% နဲ့ ၅.၆% စီနဲ့ အစဉ်လိုက် ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က