Facebook က ၂၀၂၀ မြန်မာနိုင်ငံရွေးကောက်ပွဲအကြိုအတွက် ပြင်ဆင်ထားတဲ့အချက်တွေ ထုတ်ပြန်ခဲ့တာပါ

၂၀၂၀ ပြည်တွင်းရွေးကောက်ပွဲမတိုင်ခင် ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပြင်ဆင်မှုတွေအကြောင်းကို Facebook မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Facebook ရဲ့ အရှေ့တောင်အာရှ အများပြည်သူမူဝါဒရေးရာ ညွှန်ကြားရေးမှူး ရာဖေးဖရန်ကဲလ်ဟာ "မြန်မာနိုင်ငံရဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် Facebook ဘာတွေ ပြင်ဆင်နေသလဲ"ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ရေးသား ထုတ်ပြန်ခဲ့ပါတယ်။



Photo: Facebook Newsroom

Facebook သတင်းခန်းမှာ တင်ခဲ့တဲ့ ဒီဆောင်းပါးမှာ မဲဆန္ဒရှင်များကို ဖိနှိပ်မှုမှ ကာကွယ်ခြင်း ၊ အမုန်းစကားတိုက်ဖျက်ခြင်း ၊ နိုင်ငံရေး ၊ ရွေးကောက်ပွဲနဲ့ လူမှုရေးရာ ကြော်ငြာတွေအကြောင်း ပိုမိုပွင့်လင်းမြင်သာအောင် လုပ်ခြင်း ၊ Pages များ ပိုမိုပွင့်လင်းမြင်သာမှု ရှိအောင်လုပ်ခြင်း ၊ သတင်းမှား ဖြန့်ချိမှု ကန့်သတ်ခြင်း ၊ Messenger စာပို့မှု ကန့်သတ်ခြင်း ၊ ကြားခံ Third-Party အချက်အလက် စစ်ဆေးခြင်း နဲ့ ကြားဖြတ်နှောင့်ယှက်မှုများ ကာကွယ်တားဆီးခြင်းဆိုတဲ့ ခေါင်းစဉ်များနဲ့ Facebook ရဲ့ ရွေးကောက်ပွဲအတွက် လုပ်ဆောင်ချက်တွေ တင်ပြထားပါတယ်။

အမုန်းစကားတိုက်ဖျက်မှုအနေနဲ့ Facebook ဟာ ၂၀၂၀ ဒုတိယသုံးလပတ်အတွင်း လူမှုကွန်ရက်စံနှုန်း ချိုးဖောက်ခဲ့တဲ့ မြန်မာနိုင်ငံက အကြောင်းအရာပေါင်း ၂ သိန်း ၈ သောင်းကို တွေ့ရှိအရေးယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအရာတွေရဲ့ ၉၇.၈%ကို အသုံးပြုသူတွေ တိုင်ကြားခြင်း မပြုသေးခင် ကြိုတင်စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Photo: CNBC

ယခုနှစ် ပထမ ၃ လပတ်အတွင်း ပြည်တွင်းမှ အမုန်းစကားချိုးဖောက်တဲ့ အကြောင်းအရာပေါင်း ၅၁၀၀၀ ကို အရေးယူခဲ့ပြီး ဒီထဲက ၈၃%ဟာ အသုံးပြုသူတွေ မတိုင်ကြားခင်မှာ ကြိုတင် စိစစ်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ Facebook ဟာ မူဝါဒချိုးဖောက်ထားတဲ့ အကြောင်းအရာတွေကို မြန်မြန်ဆန်ဆန် ရှာဖွေဖယ်ရှားနိုင်စေဖို့ ကြိုတင်ထောက်လှမ်းနိုင်တဲ့ နည်းပညာပိုင်းမှာ ရင်းနှီးမြှပ်နှံထားပါတယ်။

မြန်မာဘာသာအပါအဝင် ဘာသာစကား ၄၅ မျိုးထဲနဲ့ ရေးထားတဲ့ အကြောင်းအရာများထဲမှ အမုန်းစကားပါဝင်တဲ့ အကြောင်းအရာများကို AI နည်းပညာသုံးပြီး တင်ကြိုသိရှိနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က