ဖုန်းခေါ်ဆိုမှု ခွင့်ပြုထားပါတယ်

ဓါတ်ဆီဈေးကြီးမြင့်တာကြောင့် ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပွားနေတဲ့ အီရန်မှာ နိုင်ငံအတွင်း အင်တာနက်လိုင်းအားလုံးလိုလို ဖြတ်တောက်ထားပါတယ်။


လောင်စာဆီကြေး ၅၀% ကျော် မြင့်တက်လာမှုက စတင်ပြီး အီရန်နိုင်ငံအနှံ့မှာ ဆန္ဒပြမှုဖြစ်နေစဉ်အတွင်း နိုဝင်ဘာ ၁၆ ရက် စနေနေ့က အင်တာနက် စတင်ဖြတ်တောက်ခဲ့တာ ဖြစ်တယ်လို့ ဆိုက်ဘာလုံခြုံရေးနဲ့ အင်တာနက်လွှမ်းခြုံမှု ကြည့်ရှုတဲ့ NetBlocks အဖွဲ့အစည်းက ဆိုပါတယ်။ အီရန်နိုင်ငံအတွင်း အင်တာနက် သုံးခွင့်ရသူ မဆိုစလောက် အနည်းငယ်ပဲ ရှိနေတယ်လို့လည်း သတင်းထွက်ထားပါတယ်။


Photo: News1

ဖုန်းခေါ်ဆိုမှုတွေကိုတော့ ခွင့်ပြုထားဆဲ ဖြစ်ပြီး ဒီလို ခွင့်ပြုထားတဲ့ လူတွေကိုလည်း နီးနီးကပ်ကပ် စောင့်ကြည့်ထားတယ်လို့ ဆိုပါတယ်။ အီရန်နိုင်ငံက Twitter သုံးစွဲသူတွေကတော့ ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး tweets တွေ တင်နိုင်သေးတယ်ဆိုပေမယ့် အာဏာပိုင်တွေကို ဆန့်ကျင်တဲ့ သီးသန့် မက်ဆေ့တွေပို့တာတော့ ခွင့်ပြုမထားပါဘူး။

အီရန်နိုင်ငံအတွင်း ဆန္ဒပြမှုများအကြောင်း Twitter မှာ ဗွီဒီယိုတွေ တင်နေသူတစ်ဦးလည်း ဖြစ် ၊ အီရန်ပြင်ပမှာ နေထိုင်တဲ့ သမိုင်းပညာရှင်လည်း ဖြစ်တဲ့ ဘာဘက်တန်ဂ်ဗေးကလည်း အင်တာနက်ပြတ်တောက်မှုအကြောင်း အတည်ပြုပါတယ်။

" အင်တာနက်က လုံးဝကို ပြတ်တောက်နေပြီး ဘယ်သူ့ကိုမှ ဆက်သွယ်လို့ မရဘူး။" လို့ သူက ဆိုပါတယ်။ " အစိုးရက စောင့်ကြည့်ထားတဲ့ တယ်လီဖုန်းကို သုံးပြီး တစ်ချို့နိုင်ငံတွေကို ဖုန်းခေါ်လို့တော့ ရနိုင်ပါတယ်။"

Photo: Engadget


အစိုးရဘက်ကလည်း အင်တာနက် ဖြတ်တောက်ပိတ်ပင်မှုကို တရားဝင် ထုတ်ပြန်ခြင်း မရှိ‌သေးပါဘူး။ အင်တာနက် ပိတ်ပင်ထားတာဖြစ်လို့ ဆန္ဒပြသူများအကြား သတင်းမျှဝေဖို့ ပိုခက်ခဲသွားပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုဖြစ်နေတဲ့ ဒေသနဲ့ နိုင်ငံတွေမှာ အင်တာနက် ဖြတ်တောက်မှု လုပ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်ကလည်း ကက်ရှ်မီးယား နယ်စပ်အရေး တင်းမာမှုကြောင့် အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံဟာ အင်တာနက် ဖြတ်တောက်မှု လုပ်ခဲ့ကြပါတယ်။



က္က