တစ်ခြား 5G ရတဲ့ နိုင်ငံတွေကတော့ Subscriber အရေအတွက် မကြေညာသေးပါဘူး

တောင်ကိုရီးယားမှာ 5G ကွန်ရက် စီးပွားဖြစ် ဖြန့်ချိမှုဟာ ယခုနှစ် ဧပြီ ၃ ရက်နေ့က စတင်ခဲ့ပါတယ်။


         5G ကွန်ရက် ဖြန့်ချိပြီး ၆၉ ရက်အကြာမှာတော့ တောင်ကိုရီးယားမှာ 5G သုံးဖို့Subscribe လုပ်သူ ၁ သန်း ကျော်လာပြီ ဖြစ်တယ်လို့တောင်ကိုရီးယား သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး Yonhap သတင်းမှာ ဖော်ပြထားပါတယ်။ အချက်အလက်များအရ တောင်ကိုရီးယားမှ 5G subscribe လုပ်တဲ့အရေအတွက်ဟာ 4G ကွန်ရက်မှာ Subscribe လုပ်တဲ့နှုန်းထက် ပိုမို မြန်ဆန်ခဲ့ပါတယ်။



Photo: soyacincau

         ၂၀၁၁ ခုနှစ်က တောင်ကိုရီးယားမှာ 4G ကို စတင်မိတ်ဆက်ပြီးနောက် 4G Subscriber ပေါင်း ၁ သန်း ရှိဖို့ရက်ပေါင်း ၈၀ အချိန်ယူခဲ့တာပါ။ ကမ္ဘာ့ပထမဆုံး 5G commercial မိတ်ဆက်မှု လုပ်ခဲ့တဲ့ ဒီနိုင်ငံမှာ နေ့စဉ် 5G ကွန်ရက် အသုံးပြုနေသူ ပျမ်းမျှ ၁၇၀၀၀ ရှိနေတယ်လို့ဆိုပါတယ်။ တောင်ကိုရီးယားမှာ SK Telcom ဟာ အကြီးဆုံး 5G Subscriptions ရထားတဲ့ တယ်လီကွန်းတစ်ခု ဖြစ်ပြီး 5G subscriber အားလုံးရဲ့ ၄၀% ရှိပြီး Korea Telecom နဲ့LG Uplus တို့ကတော့ ၃၀% စီ ရှိနေပါတယ်။

         SK Telecom နဲ့Korea Telcom တို့ဟာ 4G ကနေ 5G ပြောင်းသုံးလာတဲ့ ဖောက်သည် ပိုများနေပြီး LG Uplus ကတော့ ပြီးခဲ့တဲ့ လကထက် ကွန်ရက်သုံးစွဲသူ ၂၁% တက်လာခဲ့ခြင်း ဖြစ်တယ်လို့ဆိုပါတယ်။ အင်တာနက် မြန်နှုန်းအနေနဲ့5G ကွန်ရက်ဖြန့်ကျက်မှု အကန့်အသတ်ရှိခြင်း ၊ လိုင်းဆွဲအား ထင်သလောက် မကောင်းခြင်းတွေ ကြုံခဲ့ပေမယ့် တောင်ကိုရီးယား 5G ဖုန်းတွေ ဖြစ်တဲ့ Galaxy S10 5G နဲ့LG V50 ThinQ 5G တို့ရဲ့ ပရိုမိုးရှင်း အပြိုင်ဆင်းမှုကြောင့် အခုလောက်အထိ 5G subscribe လုပ်သူ တက်လာတာ ဖြစ်ပါတယ်။

         5G ကွန်ရက် ရနေပြီဖြစ်တဲ့ အမေရိကန်မှ Verizon ၊ Sprint ၊ AT&T တို့ကတော့ 5G subscriber အရေအတွက် မကြေညာသေးပါဘူး။ လက်ရှိအချက်အလက်များနဲ့ချိန်ထိုးကြည့်မယ်ဆိုရင် တောင်ကိုရီးယားမှာ ၂၀၁၉ နှစ်အကုန် 5G သုံးစွဲသူ နောက်ထပ် ၃ သန်း ကနေ ၄ သန်းအထိ ရောက်လာဖို့လည်း ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က