အရှေ့အလယ်ပိုင်းနဲ့ အီဂျစ်တို့မှာ ဖြန့်ချိသွားမှာပါ

OPPO စမတ်ဖုန်းကုမ္ပဏီဟာ လီဗာပူးနဲ့ အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလက်ကို ကုမ္ပဏီရဲ့ Brand Ambassador အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။

OPPO ဟာ မတ်လ ၁၈ ရက်နေ့ Reno 3 Pro ဈေးကွက်မိတ်ဆက်ပွဲမှာ တက်ရောက်ဖို့ ဆာလက်ကို ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ OPPO Reno 3 Pro ဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဈေးကွက်တွေထဲ ဝင်ရောက်မှာပါ။ OPPO အရှေ့အလယ်ပိုင်း ဈေးကွက်ဥက္ကဌ အီသန်ရှုးကတော့ မိုဟာမက်ဆာလက်ရဲ့ ကြီးမားလှတဲ့ ပရော်ဖက်ရှင်နယ် စွမ်းရည်တွေဟာ သစ်ထွက်လာမယ့် Reno 3 စီးရီးဖုန်းသစ်တွေရဲ့ အပြစ်ဆိုစရာမရှိတဲ့ ဓါတ်ပုံပညာစွမ်းဆောင်ရည်တွေနဲ့ နှိုင်းယှဉ်ထားပါတယ်။



Photo: GSMArena

အရှေ့အလယ်ပိုင်းဈေးကွက်ထဲ မိတ်ဆက်ချိန်မှာ လီဗာပူးတိုက်စစ်မှူးဟာ ဖုန်းအကြောင်း အသေးစိတ် ပြောသွားဖို့ ရှိပါတယ်။  OPPO ဟာ ဘာစီလိုနာအသင်း ၊ ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ Roland-Garros နဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဝင်ဘယ်လ်ဒန်တင်းနစ်ပွဲနဲ့ ဘော့စတွန် မာရသွန်ပြိုင်ပွဲတို့နဲ့လည်း မိတ်ဘက်ပြုပူးပေါင်းထားပါတယ်။ OPPO Reno 3 Pro ဟာ 44MP dual punch-hole ဆယ်လ်ဖီကင်မရာကို ပထမဆုံး သုံးလာတဲ့ ဖုန်းအဖြစ် ကြေညာထားပါတယ်။

အိန္ဒိယဈေးကွက်မှာ မိတ်ဆက်ထားတဲ့ ဒီဖုန်းဟာ MediaTek Helio P95 processor သုံးထားပြီး ၆.၅ လက်မ Super AMOLED panel နဲ့ လာပါတယ်။ ဒီဖုန်းမှာ မှန်ပြင်အောက် လက်ဗွေနည်းပညာ ၊ 44MP +2 MP depth sensor နှစ်လုံးတွဲ ဆယ်လ်ဖီကင်မရာနဲ့အတူ ကျောဘက်မှာ ထောင်လိုက် လေးလုံးတွဲကင်မရာများ သုံးထားပါတယ်။


Photo: thenewsminute

စုစုပေါင်း ကင်မရာ ၆ လုံးပါတဲ့ OPPO Reno 3 Pro ဟာ စံပြုစရာ ကင်မရာဓါတ်ပုံနည်းပညာ သုံးထားတဲ့ ဖုန်းအဖြစ် OPPO အရှေ့အလယ်ပိုင်းရဲ့ ဥက္ကဌ အီသန်ရှုးက ပြောပါတယ်။ ထောင်လိုက်ကျောဘက် လေးလုံးတွဲတွဲ ကင်မရာတွေအနေနဲ့ 64MP main sensor ၊ 5x Hyrbid နဲ့ 20x Digital zoom ဆွဲနိုင်မယ့် 13MP telel lens ၊ 8MP ultra-wide နဲ့ 2MP Monochrome တွေ ပါရှိပါတယ်။

အိန္ဒိယမှာ မိတ်ဆက်စဉ်က OPPO Reno 3 Pro ကို Aurora Blue ၊ Midnight Black နဲ့ Sky White ကာလာ ၃ ရောင်နဲ့ ထွက်ထားပြီး RAM 8GB ကိုမှ 128GB နဲ့ 256GB ဆိုပြီး storage ဗားရှင်းနှစ်မျိုးနဲ့ လာပါတယ်။ အနိမ့်ဗားရှင်းဟာ ရူပီး ၂၉၉၉၀ (မြန်မာငွေ ၆သိန်းနီးပါးခန့်) နဲ့ 256GB ဗားရှင်းကို ရူပီး ၃၂၉၉၀ (မြန်မာငွေ ၆ သိန်းခွဲခန့်) ဈေးတွေနဲ့ ရောင်းချမယ်လို့ ကြေညာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က