တရုတ်နိုင်ငံက Crypto exchange တစ်ခုကနေ ထုတ်ထားတာပါ
Nyein Min Wai

၂၀၂၀ နှစ်လယ်လောက်မှ ဈေးကွက်ထဲ ဝင်လာဖို့ရှိတဲ့ Facebook ရဲ့ Libra ဟာ ပြိုင်ဘက်တစ်ယောက် ရလာပြီ ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး Crypto Exchange တစ်ခုဖြစ်တဲ့ Binance ဟာ Project Venus နာမည်နဲ့cryptocurrency တစ်ခုကို ကြေညာလိုက်ပါတယ်။ Venus ဟာ ဒေသတွင်း stablecoins တွေ ဖန်တီးဖို့အတွက် ရည်ရွယ်ချက်နဲ့ထွက်လာတာ ဖြစ်တယ်လို့Mashable က ဆိုပါတယ်။

Photo: tokenhell

တစ်နည်းအားဖြင့် နိုင်ငံအလိုက်ငွေတန်ဖိုးနဲ့ညီမျှတဲ့ cryptocurrency တွေကို တစ်ကမ္ဘာလုံးမှာ သုံးနိုင်ရမယ်ဆိုပြီး ထွက်လာတာပါ။ Facebook ရဲ့ Libra လိုပဲ Venus ဟာ open Blockchain ပရောဂျက်တစ်ခု ဖြစ်ပြီး Binance လည်း Libra လိုပဲ အစိုးရနဲ့ကော်ပိုရေးရှင်းတွေနဲ့လက်တွဲဖို့လုပ်ဆောင်နေပါတယ်။

Libra နဲ့မတူတဲ့အချက်က Project Venus အကြောင်းကို အကျယ်တဝင့် ရှင်းပြမှု မလုပ်ဘဲ Binance ဝက်ဘ်ဆိုက်မှာပဲ ကြေညာချက် အတိုလေးနဲ့မိတ်ဆက်သွားတာပါ။ နောက်တစ်ခုက Facebook ဟာ Libra အတွက် ပါတနာ ၂၇ ဦး ရှိထားပြီး Binance ကတော့ အခုမှ စိတ်ဝင်စားတဲ့ မိတ်ဖက်တွေ ဖိတ်ခေါ်နေဆဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံသား Changpeng Zhao တည်ထောင်ထားတဲ့ Binance ဟာ cryptocurrency ပေါင်း ၁၀၀ ကျော် ကူးသန်းရောင်းဝယ်ရာ ပလက်ဖောင်းတစ်ခု ဖြစ်ပြီး ဖလှယ်မှုအတိုင်းအတာအရ ကမ္ဘာ့အကြီးဆုံး Cryptocurrency Exchange အဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo: coindesk

ယခုနှစ် မေလဆန်းပိုင်းမှာ ဟက်ကာတွေဟာ Binance ဆီက ဒေါ်လာ သန်း ၄၀ ဝန်းကျင်တန် Bitcoin ၇ ထောင် အခိုးခံခဲ့ရပါတယ်။ Binance ရဲ့ CEO Changpeng Zhao ကတော့ Venus ဟာ cryptocurrency ငွေကြေးစနစ်ကို ပိုမို သုံးစွဲဖို့အတွက် ရည်ရွယ်ပြီး Libra ကို ယှဉ်ပြိုင်လွှမ်းမိုးဖို့အတွက် မဟုတ်ဘူးလို့ပြောပါတယ်။

ယခုနှစ်ဆန်းပိုင်းကပဲ အစ္စရေးမှ ZenGo startup ဟာ လာမယ့်နှစ်မှာ ဖြန့်ချိမယ့် Libra ကို ပံ့ပိုးပေးနိုင်တဲ့ Cryptocurreny Wallet တစ်ခု ထုတ်လိုက်တာကြောင့် Facebook ရဲ့ Calibra cryptocurrency wallet အတွက် ပြိုင်ဘက်သစ်ပေါ်လာပြီလို့ဆိုရမှာပါ။


က္က