အဖွဲ့ဝင် ၂၂ ခုပဲ ကျန်တော့မှာပါ
Nyein Min Wai

Facebook ရဲ့ cryptocurrency ငွေကြေးစနစ်သစ်ဖြစ်တဲ့ Libra ကနေ PayPal ထွက်ခွာသွားပြီးနောက် တစ်ခြားအဖွဲ့ဝင်ကုမ္ပဏီတစ်ချို့လည်း နှုတ်ထွက်လာပြီ ဖြစ်ပါတယ်။


         ပြီးခဲ့တဲ့ တစ်ပတ်လောက်ကပဲ PayPal ဟာ Libra Association ကနေ နှုတ်ထွက်ကြောင်း ကြေညာခဲ့တာပါ။ ဒီနောက်မှာတော့ Mastercard ၊Visa ၊ eBay ၊ Stripe နဲ့Mercado Pago စတဲ့ ကုမ္ပဏီ ၅ ခုဟာ ဒီဂျစ်တယ်ငွေကြေးစနစ်ဖြစ်တဲ့ Libra ကနေ ထွက်လိုက်ပြီ ဖြစ်တယ်လို့Financial Times က ဖော်ပြထားပါတယ်။ Mastercard နဲ့Visa တို့ဦးဆောင်တဲ့ ဒီကုမ္ပဏီ ၅ ခု နှုတ်ထွက်ခြင်းဟာ ဖိအားများနေတဲ့ Libra အတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

Photo: dcebrief

         နိုင်ငံတကာ ဥပဒေပြုအမတ်တွေနဲ့နိုင်ငံရေးသမားတွေရဲ့ စုံစမ်းစစ်ဆေးမှု တိုးမြှင့်လာနေတဲ့ Facebook ရဲ့ Libra စီမံကိန်းနဲ့ပတ်သက်ပြီး စိုးရိမ်စရာ အများကြီး ရှိနေပါတယ်။ဗဟိုဘဏ်ထိန်းချုပ်မှုနဲ့ကင်းလွတ်တဲ့ ငွေကြေးပုံစံသစ်အဖြစ် ကိုယ်ပိုင် digital currency သစ် ထုတ်မယ့် Libra project ကို ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့က စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး ဘီလျံနဲ့ချီတဲ့ သုံးစွဲသူတွေကို ပစ်မှတ်ထားခဲ့တာပါ။

         ၂၀၂၀ မှာ စတင်ကြေညာသွားမယ့် ဒီဝန်ဆောင်မှုအတွက် Facebook အပါအဝင် Visa ၊ Mastrcard ၊ PayPal ၊ Lyft Coinbase နဲ့Uber စတဲ့ ကုမ္ပဏီပေါင်း ၂၈ ခု ပါဝင်တဲ့ Libra Association က ထိန်းချုပ်မယ်လို့ကြေညာခဲ့ပြီး မိတ်ဆက်စဉ်အခါက လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ Libra ကွန်ရက်ထဲ ကုမ္ပဏီပေါင်း ၁၀၀ ကျော်အထိ လာရောက်ပူးပေါင်းမယ်လို့မျှော်လင့်ထားကြောင်း ကြေညာခဲ့ပါတယ်။ အခုချိန်မှာတော့ Libra Association မှာ အဖွဲ့ဝင်ကုမ္ပဏီ ၂၂ ခု ပဲ ကျန်တော့မှာပါ။

Photo: clicknow


         ငွေကြေးခဝါချနိုင်ခြင်း ၊ ဘဏ္ဍာရေးတည်ငြိမ်မှု ပျက်စီးနိုင်စေခြင်း စတဲ့ စိုးရိမ်မှုတွေကြောင့် အမေရိကန်နိုင်ငံရေးသမားတစ်ချို့ဟာ ဒီပရောဂျက်ကို ရပ်တန့်ဖို့အထိ တောင်းဆိုခဲ့ပါတယ်။ Libra နဲ့ပတ်သက်ပြီး အိုင်ဒီယာစတင်ခဲ့သူ မတ်ခ်ဇူကာဘတ်လည်း ဒီပရောဂျက်နဲ့ပတ်သက်ပြီး ယခုလကုန်ပိုင်းမှာ ကွန်ဂရက်တွေရှေ့မှောက်


အစစ်ဆေးခံဖို့ရှိတယ်လို့ဒီပရောဂျက်နဲ့နီးစပ်သူတွေက ဆိုထားပါတယ်။


က္က