ဒါဇင်နဲ့ချီတဲ့ အကောင့်တု ၊ Pages နဲ့Groups တွေ ထွက်ပေါ်လာခဲ့တာပါ

၂၀၂၀ နှစ်လယ်ပိုင်းရောက်မှ မိတ်ဆက်သွားမယ့် Facebook ရဲ Cyptocurrency သစ် Libra ကတော့ ပြဿနာတွေကြားထဲမှာ လုံးချာလည်လိုက်ဖို့ရှိပါတယ်။

သန်းပေါင်းများစွာသော အကောင့်တု ပြဿနာကို ရင်ဆိုင်နေရတဲ့ Facebook ဟာ အခုဆို Libra မှာပါ စိတ်ပူစရာနဲ့ကြုံနေတာပါ။ Washington Post သတင်းအရ တရားဝင် မိတ်မဆက်ရသေးတဲ့ Libra ငွေကြေး ဝန်ဆောင်မှု ပေးဖို့ဖန်တီးထားတဲ့ အကောင့် ၊ Groups နဲ့pages တွေ ဒါဇင်နဲ့ချီပြီး ရှိနေတယ်လို့ဆိုပါတယ်။



Photo: Tech Crunch

ဒီအကောင့်တုတွေဟာ Facebook နဲ့Instagram တို့မှာ ရောက်ရှိနေတာ ဖြစ်ပြီး ဒီအကောင့်တုတွေထဲက တစ်ချို့ဟာ သူတို့ညွှန်းထားတဲ့ Website တစ်ခုထဲ ရောက်လာတဲ့ လူတွေကို လျှော့ဈေးနဲ့Libra ဝန်ဆောင်မှု ပေးနေတယ်လို့လည်း ဆိုပါတယ်။ Libra နဲ့ပတ်သက်ပြီး အစကတည်းက ဝေဖန်မေးခွန်းထုတ်မှုတွေ ရှိထားတဲ့ Facebook အနေနဲ့ဒီငွေကြေးစနစ်သစ်ကို သုံးစွဲသူတွေ ယုံကြည်မှုရအောင် တည်ဆောက်နိုင်ပါ့မလား ၊ ငွေအလွဲှအပြောင်း ပြဿနာတွေ ရှိနေမလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

Facebook ဟာ ဇွန်လထဲမှာ Libra နာမည်နဲ့ကိုယ်ပိုင် Cryptocurrency သစ်ကို ကြေညာခဲ့ပါတယ်။ ဒီငွေကြေး ပုံစံသစ်ကို Mastercard ၊ PayPal နဲ့Uber စတဲ့ Facebook နဲ့မိတ်ဘက်ကုမ္ပဏီပေါင်း ၂၈ ခု ပါဝင်တဲ့ Libra Association ကနေ ထိန်းချုပ်သွားမယ်လို့ကြေညာထားပါတယ်။ Libra ဟာ ဘဏ်အကောင့်မရှိသူ သန်း ၁၇၀၀ ကို ပစ်မှတ်ထားပြီး ထွက်ရှိလာတဲ့ cryptocurrency ဖြစ်ပြီး ငွေကြေးတည်ငြိမ်မှု ရှိဖို့လည်း လုပ်ဆောင်သွားမယ်လို့ဆိုထားပါတယ်။

Photo: TechDiagnos

Libra ငွေတန်ဖိုးဖလှယ်မှုကို Thrid party Wallet apps တွေ အပြင် WhatsApp ၊ Messenger နဲ့Facebook App တွေထဲမှာ ပါလာမယ့် Calibra Wallet ကနေ ပြန်လဲလှယ်နိုင်မှာပါ။ လောလောဆယ်မှာတော့ Libra Association ထဲမှာ ဘဏ်တစ်ခုမှ ပါဝင်ခြင်း မရှိသေးပါဘူး။ Libra ကနေ ငွေလွဲှမယ်ဆိုရင် ငွေလွဲှခဟာ Zero Fees နီးနီးနဲ့လွဲနိုင်မှာ ဖြစ်ပြီး ဒီဂျစ်တယ်ငွေကြေးဖြစ်လို့လွဲှသူနာမည် မသိရဘဲ ငွေလွဲှငွေချေနိုင်မယ်လို့ဆိုပါတယ်။

နိုင်ငံဖြတ်ကျော် ငွေလွဲှငွေပြောင်း ကိစ္စတွေ ပါဝင်မယ့် Libra ကို စည်းမျဉ်းဥပဒေနဲ့အညီ ဖြစ်စေဖို့အမေရိကန် အိမ်ဖြူတော် ဘဏ္ဍာရေး ဝန်ဆောင်မှု ကော်မတီရဲ့ Chairman မက္ကဇင်ဝါးတားစ် အပါအဝင် ဒီမိုကရက်အမတ်တွေက တောင်းဆိုထားပါတယ်။ Facebook ရဲ့ Libra ငွေကြေးကို အိန္ဒိယအစိုးရမှလည်း ပိတ်ပင်သွားမယ်လို့သတင်းထွက်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က