one-strike policy သစ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။

အမုန်းစကားနဲ့အွန်းလိုင်း အကြမ်းဖက်မှုများကို တိုက်ဖျက်ဖို့ကြိုးပမ်းချက်တစ်ခု အနေနဲ့Facebook ဟာ Live streaming features မှာ စည်းကမ်းအသစ်တွေ ထပ်ထုတ်သွားမယ်လို့ဆိုပါတယ်။

         ဗလီနှစ်ခုမှာ ဖြစ်သွားခဲ့တဲ့ လူပေါင်း၅၁ ဦး သေဆုံးခဲ့တဲ့ နယူးဇီလန် Christchurch အကြမ်းဖက် တိုက်ခိုက်မှုအပြီး Facebook ဟာ Live လွှင့်သူတွေကို စည်းကမ်းပို တင်းကျပ်ဖို့ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ Facebook ပလက်ဖောင်းပေါ်က စည်းမျဉ်းတွေ ချိုးဖောက်ပြီး Live လွှင့်သူတွေကို ရက်အပိုင်းအခြားနဲ့ပိတ်ပင်သွားမယ့် one-strike policy ကို ကျင့်သုံးသွားမယ်လို့Reuters သတင်းမှာ ဖော်ပြထားပါတယ်။



Photo: XpressHunt

         မတ်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဗလီနှစ်ခုထဲ ဝတ်ပြုနေသူများကို အကြမ်းဖက် သတ်ဖြတ်သွားတဲ့ သေနတ်သမားဟာ လုပ်ကြံမှုကို Facebook ကနေ Live လွှင့်ခဲ့ပါတယ်။ နယူးဇီလန်အကြမ်းဖက်မှု ကျူးလွန်သူ ဘရန်တန် တာရန့်ဟာ သူ့ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို Facebook မှာ အနည်းဆုံး ၁၇ မိနစ်ကြာအောင် Live လွင့်ခဲ့တာ ဖြစ်ပါတယ်။

         မတ်လ ၁၇ ရက် ရက်စွဲနဲ့Facebook Newsroom ကနေ ထုတ်ပြန်ခဲ့တဲ့ အချက်အလက်များအရ Facebook ဟာ တစ်ကမ္ဘာလုံးကနေ ဒီဖြစ်ရပ်အကြောင်း တင်တဲ့ ဗွီဒီယိုပေါင်း ၁.၅ သန်းကို ၂၄ နာရီအတွင်း ဖယ်ရှားခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် အလားတူ ဗွီဒီယိုပေါင်း ၁.၂ သန်းကျော် upload တင်မယ့့် ဖြစ်ရပ်ကို သိရှိပိတ်ပင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

         Christchurch အကြမ်းဖက်မှုလို့လူသိများခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ လူမှုကွန်ရက်ပေါ် ပျံ့နှံ့သွားပြီးနောက် Facebook ပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့သလို အဖွဲ့အစည်းတစ်ချို့က တရားစွဲတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ကြုံပြီးနောက် Facebook အနေနဲ့Livestream ပိုင်းကို ပိုပြီး စိစစ်လုပ်ဆောင်သွားမယ်လို့ကုမ္ပဏီရဲ့ COO ဖြစ်သူ ရှာလီ ဆန်းဒ်ဘာ့ဂ်က မတ်လကုန်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

Photo: The Daily Beast

         Facebook ဟာ အမုန်းစကားပြောခြင်း ၊ အကြမ်းဖက်လှုပ်ရှားမှု လုပ်ဆောင်ခြင်းများလို မူဝါဒချိုးဖောက်တဲ့ အကြာင်းအရာများကို ဖြုတ်ချထားပြီး တကယ်လို့ဒီလို လူမှုကွန့်ရက်စံနဲ့မကိုက်တဲ့ အလုပ်တွေ ဆက်လုပ်နေသူတွေကိုတော့ ပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့ဆိုပါတယ်။ လူမှုကွန်ရက်ပေါ်က ပုံနဲ့ဗွီဒီယိုတွေမှာ Facebook မူနဲ့မကိုက်ညီတဲ့ အကြောင်းအရာတွေ ပါ/မပါဆိုတာကို ခွဲခြားနိုင်တဲ့ နည်းပညာ အဆင့်မြှင့်တင်ဖို့တက္ကသိုလ် ၃ ခုက သုတေသနပညာရှင်တွေနဲ့ပူးပေါင်းပြီး ဒေါ်လာ ၇.၅ သန်း ရင်းနှီးမြှပ်နှံကာ လေ့လာနေတယ်လို့လည်း Fcaebook ရဲ့ အမှုဆောင်တစ်ဦး ဖြစ်တဲ့ ဂိုင်းလ်ရိုဆင်က ပြောထားပါတယ်။

         Facebook အနေနဲ့စည်းမျဉ်းတင်းကျပ်မှုတွေကို လာမယ့် အပတ်တွေမှာ ထပ်တိုးသွားဖို့ရှိပြီး လက်ရှိမှာတော့ one-strike policy မှာ ဘယ်လို စည်းမျဉ်းတွေ ပါမယ် ၊ ချိုးဖောက်ရင် ဘယ်လောက် ကြာအောင် ဆိုင်းငံ့ပိတ်ပင်သွားမယ်ဆိုတာကိုတော့ မကြေညာသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က