Twitch လိုမျိုး Live streaming ပလက်ဖောင်း‌‌တွေကို ယှဉ်တော့မှာပါ

Facebook ဟာ နာမည်ကြီး Streaming ပလက်ဖောင်းတွေဖြစ်တဲ့ Twitch ၊ Mixer နဲ့ YouTube တို့ကို ယှဉ်ပြိုင်မယ့် Gaming app တစ်မျိုးကို မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။

ဧပြီလ ၂၀ ရက်နေ့မှာ Facebook Gaming app ကို ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ ကုမ္ပဏီက New York Times သတင်းဌာနကို ပြောခဲ့တာပါ။ Android ထုတ်ကုန်တွေမှာ အရင်ဆုံး မိတ်ဆက်သွားမှာ ဖြစ်ပြီး Apple ရဲ့ ခွင့်ပြုချက်ရတာနဲ့ iOS ထုတ်ကုန်တွေမှာလည်း ဒီ app ကို ဖြန့်ချိသွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ 



Photo: Malay Mail

" ယေဘုယျအားဖြင့် ဂိမ်းပိုင်းမှာ ရင်းနှီးမြှပ်နှံခြင်းဟာ ကျွန်တော်တို့အတွက် မူလဦးစားပေးတစ်ခု ဖြစ်လာပါတယ်။ အကြောင်းကတော့ ဂိမ်းဆိုတာ လူတွေကို တကယ်ဆက်သွယ်ပေးတဲ့ ဖျော်ဖြေရေးပုံစံတစ်ခုအဖြစ် ကျွန်တော်တို့ ရှုမြင်ထားလို့ ဖြစ်ပါတယ်။" လို့ Facebook Gaming app ရဲ့ အကြီးအကဲ ဖစ်ဒ်ဂျီ ဆီမိုက ပြောပါတယ်။

Facebook Gaming ဟာ ဇွန်လထဲမှာ ဖြန့်ချိဖို့ ကနဦးက မျှော်လင့်ထားတာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတွေ အိမ်ထဲ အနေများနေချိန်မှာ ဒီအစီအစဉ်ကို စောပြီး စတင်လိုက်တာ ဖြစ်ပါတယ်။ Facebook Gaming app မှာ အွန်လိုင်းကနေ ကစားနိုင်မယ့် casual games တွေ ထည့်သွင်းထားပေမယ့် တကယ့်တမ်း အာရုံစိုက်ထားတာကတော့ ဂိမ်းကစားမှုအကြောင်း တိုက်ရိုက်ထုတ်လွှင့်တင်ဆက်တာနဲ့ Game Livestreams တွေကို ကြည့်ရှုလို့ရအောင် လုပ်ထားတာ ဖြစ်ပါတယ်။ 

ဒီ app မှာ streamers တွေရဲ့ လှုပ်ရှားမှုကို စဉ်ဆက်မပြတ်ကြည့်ရှုသိရှိနိုင်အောင် လုပ်ထားသလို ကိုယ့်ရဲ့ Facebook စာမျက်နှာကနေ တစ်ဆင့် မိုဘိုင်းဂိမ်းတွေကို Live လွှင့်ဖို့အတွက်လည်း Go Live feature ထည့်ထားမှာပါ။ လောလောဆယ်မှာ ကြေငြာ ads တွေ ပါမှာ မဟုတ်ဘဲ ကြည့်ရှုသူပေးတဲ့ viewer starts ကနေပဲ ငွေရှာသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

လစဉ် လူပေါင်း သန်း ၂၅၀၀ ကျော် သုံးစွဲနေတဲ့ Facebook လူမှုကွန်ရက်ကုမ္ပဏီဟာ ဂိမ်းရေးဆွဲသူများနဲ့ ပူးပေါင်းလာနေသလို eSports ပြိုင်ပွဲတွေကိုလည်း ကျင်းပလာနေပါတယ်။ Facebook Gaming ကြည့်ရှုကြတဲ့ နာရီပမာဏကလည်း ၂၀၁၈ ဒီဇင်ဘာနဲ့ ၂၀၁၉ ဒီဇင်ဘာအကြား ရာခိုင်နှုန်း ၂၁၀ အထိ တိုးလာနေတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က