ဂိမ်းသစ်တွေ ပရိုမိုးရှင်းဆင်းပေးရင်း ဝင်နေတာပါ

ဗွီဒီယိုဂိမ်းကစားမှုကို တိုက်ရိုက်ထုတ်လွှင့်ပြီး ပရိတ်သတ်နဲ့ထိတွေ့ဆက်ဆံကြတဲ့ နာမည်ကြီး ဂိမ်း streamer တစ်ချို့ဟာ တစ်နာရီ ဒေါ်လာ ၅ သောင်း ( မြန်မာငွေ သိန်း ၇၇၀ ခန့်) အထိ ဝင်နေတယ်လို့ဆိုပါတယ်။

         ဂိမ်းတွေ ထုတ်လုပ်ရေးဆွဲနေတဲ့ Publisher တွေဟာ သူတို့ရဲ့ နောက်ဆုံးထွက် ဂိမ်းတွေ ကစားပေးဖို့နာမည်ကျော် Livestreamers တွေကို အခုလိုပေးနေတာပါ။ Electronic Arts (EA)၊ Activision Blizzard ၊ Ubisoft နဲ့Take-Two Interactive Software တို့ဟာ streamer တွေကို ဂိမ်းကစားဖို့အကြီးအကျယ်ငွေပေးနေတဲ့ publisher တွေထဲက တစ်ချို့ဖြစ်တယ်လို့Wall Street Journal မှာ ဖော်ပြထားပါတယ်။

Photo: CNET

         ဂိမ်း Publisher တွေဟာ ဈေးကွက်ထဲ ဂိမ်းသစ်တစ်ခု ဖြန့်ချိမယ့် ရက်မတိုင်ခင်မှာ Streamer တွေကို beta ဗားရှင်းအနေနဲ့ကစားပေးဖို့ကြိုပြီး ပေးပို့လေ့ရှိပါတယ်။ streamers တွေဟာ ဒီအစမ်း demo ဗားရှင်းကို livestreaming ပလက်ဖောင်းဖြစ်တဲ့ Twitch ပေါ်မှာ ကစားပြတာတို့၊ သူတို့ရဲ့ YouTube channel တို့မှာ ကစားထားတဲ့ ဗွီဒီယိုဖိုင်တင်တာလို့လုပ်ဆောင်ကြပါတယ်။

         မကြာသေးခင်ကပဲ Apex Legends ဂိမ်းသစ်ကို လူတွေ ကစားချင်လာအောင် Promotion ဆင်းတဲ့အနေနဲ့Twitch ပေါ်မှာ ကစားပြခဲ့တဲ့ Ninja ဆိုသူ ကမ္ဘာကျော် Streamer ကို EA မှ ဒေါ်လာ ၁ သန်း ပေးခဲ့တယ်လို့သတင်းထွက်ခဲ့ပါတယ်။ Ninja ဟာ ကမ္ဘာပေါ်မှာ follower အများဆုံး gamer ဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့က စတင်လို့Apex Legends အကြောင်း Tweet တင်ပြီး ကြော်ငြာပေးခဲ့ပါတယ်။

         Twitch မှာ follower ၁၃ သန်းကျော် ရှိတဲ့ Ninja (အမည်ရင်း တိုင်ယာဘယ်လ်ဗင်စ်) ဟာ Fortnite ကစားရင်းတစ်လကို ပျမ်းမျှ ဒေါ်လာ ၅ သိန်းနဲ့၁ သန်းကြား ဝင်ပြီး ၂၀၁၉ အတွက် Time မဂ္ဂဇင်းရဲ့ သြဇာအကြီးဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဂိမ်းသစ်တွေကို ပရိုမိုးရှင်းဆင်းပြီး ကစားပေးလို့တစ်နာရီ ဒေါ်လာ ၅ သောင်းရတာဟာ အများဆုံး ပမာဏမဟုတ်ဘူးလို့ဆိုပါတယ်။

Photo: Forbes

         Kotaku သတင်းဌာနနဲ့တွေ့ဆုံခဲ့တဲ့ Online Performers Group ရဲ့ CEO အိုမက်ဒါရီယာနီက " တစ်နာရီကစားပေးလို့ဒေါ်လာ ၅ သောင်းကျော် ပေးမယ်ဆိုပြီး လာကမ်းလှမ်းတာတွေ ရှိပါတယ်။ အဲသလိုပဲ ရေရှည်သဘောတူညီမှုအတွက်တော့ တစ်နာရီ ဒေါ်လာ ၆ သောင်း ၊ ၇ သောင်း ပေးမယ်ဆိုတဲ့ ကုမ္ပဏီမျိုးနဲ့လည်း တွေ့ဖူးပါတယ်။" လို့ဆိုပါတယ်။

Online Performers Group ဟာ Cohh Carnage နဲ့Professor Broman တို့လို ထိပ်တန်း streamers တွေနဲ့publisher တွေကို ချိတ်ပေးတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ Entertainment Software Association (ESA) နဲ့NPD Group တို့မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ အမေရိကန်ဂိမ်းဈေးကွက်ဟာ ၂၀၁၈ ခုနှစ်ထဲမှာ ဒေါ်လာ ၄၃.၄ ဘီလျံ စံချိန်တင် ဝင်ငွေရခဲ့တယ်လို့ဆိုပါတယ်။



က္က