touchless control နည်းပညာ မြင်ရတော့မှာပါ

Google ဟာ ၂၀၁၅ ကတည်းက Project Soli ဆိုတဲ့ စမတ်ထုတ်ကုန်ထိန်းချုပ်မှု စနစ်တစ်မျိုးကို စတင်ခဲ့ရာကနေ အခုဆို အတော်လေး ခရီးရောက်လာပြီလို့ဆိုပါတယ်။



         Project Soli ဟာ screen ကို လူလက်နဲ့ထိတွေ့စရာမလိုဘဲ အနီးနားကနေ လက်ဟန်ပန်နဲ့ထိန်းချုပ်နိုင်အောင် လုပ်ဆောင်နေတဲ့ စီမံကိန်းဖြစ်ပါတယ်။ ဥပမာ- စမတ်နာရီတစ်ခု ၊ စမတ်စပီကာတစ်ခုကို လက်ဖျောက်တီးတာ ၊ လက်ညှိုးလက်မ ပွတ်ပြတာနဲ့ထိန်းချုပ်တဲ့ ပုံစံမျိုးပါ။



         ကြိမ်နှုန်းနဲ့ထိန်းချုပ်တာမျိုး ဖြစ်ပြီး ရေဒါစနစ်အငယ်စားကို ချပ်စ်ထဲမှာ ထည့်သွင်း တည်ဆောက်ထားတာပါ။ ဒီရေဒါပါဝင်တဲ့ ချပ်စ်ဟာ စမတ်ထုတ်ကုန်ရဲ့ screen နားကနေ လက်ရဲ့ ဟန်ပန်ကို သိရှိမှတ်သားလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အခုချိန်ထိတော့ Soli ဟာ စမ်းသပ်ဆဲအဆင့်မှာပဲ ရှိသေးတာ ဖြစ်ပေမယ့် Google ကတော့ စမတ်နာရီ ၊ စမတ်စပီကာ နဲ့စမတ်ဖုန်းတွေမှာ စမ်းကြည့်ရာမှာ အောင်မြင်မှု ရထားပါတယ်။

         Project Soli ရဲ့ ရည်ရွယ်ချက်ထဲက တစ်ခုက လှုပ်ရှားဖို့ပြဿနာရှိတဲ့ လူတွေ စမတ်ထုတ်ကုန်သုံးစွဲရာမှာ ပိုမိုလွယ်ကူစေဖို့ဖြစ်ပါတယ်။ Project Soli အနေနဲ့လှုပ်ရှားမှုတိုင်းကို အမိန့်ပေးမှုအဖြစ် လက်မခံနိုင်သေးတာကြောင့် ဆက်ပြီး တီထွင်မှုတွေ လုပ်သွားရဦးမှာပါ။ ဘာပဲဖြစ်ဖြစ် ဒီစီမံကိန်းဟာ အလားအလာကောင်းတွေ ပြနေပြီ ဖြစ်ပါတယ်။

         ပြီးခဲ့တဲ့ မတ်လထဲမှာ Google ဟာ FCC ဆီကနေ higher power level ကနေ စမတ်ထုတ်ကုန်တွေကို ထိန်းချုပ်ဖို့လျှောက်ထားခဲ့ပေမယ့် Facebook ဘက်မှ ကန့်ကွက်ခဲ့ပါတယ်။ Facebook ကတော့ Google တောင်းဆိုတဲ့ ပိုမြင့်တဲ့ ရေဒါအဆင့်ဟာ လက်ရှိနည်းပညာကို ရှုပ်ထွေးစေမယ်ဆိုပြီး ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

Photo:Ars Technica

         နောက်ပိုင်းမှာ Google အနေနဲ့ကနဦး အဆိုပြုထားတဲ့အတိုင်း ရေဒါလယ်ဗယ်အနိမ့်နဲ့ပဲ တီထွင်သွားဖို့သဘောတူခဲ့ပါတယ်။ ဒီဇင်ဘာလကုန်ပိုင်းမှာတော့ FCC အနေနဲ့Project Soli ဟာ ဘေးဖြစ်စေမှု နည်းပြီး အများအကျိုးရှိမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့higer power level ကို သွားခွင့်ပြုခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် အနာဂါတ်မှာ Google ဟာ အထိအတွေ့မလိုဘဲ အမူအယာနဲ့ထိန်းချုပ်နိုင်မယ့် နည်းပညာဖော်ဆောင်ဖို့နီးစပ်လာပြီလို့ဆိုရမှာပါ။

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က