အွန်လိုင်းစတိုးတွေ ဦးစားပေးသွားမှာပါ

Microsoft ဟာ အမေရိကန်နဲ့ ကမ္ဘာတစ်လွှားက Microsoft Store အားလုံးကို ပိတ်ထားတော့မယ်လို့ ကြေညာပါတယ်။


လက်လီစတိုးဆိုင် ၈၃ ဆိုင်လုံးကို အမြဲတမ်း ပိတ်သွားတော့မယ်လို့ Microsoft က သောကြာနေ့မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။ အပြင်စတိုးဆိုင်တွေအစား ကုမ္ပဏီဟာ အရောင်းပိုင်း ၊ ဖောက်သည်ပံ့ပိုးမှု ၊ လေ့ကျင့်ရေးနဲ့ တစ်ခြားကိစ္စတွေအတွက် Microsoft.com အွန်လိုင်းစတိုးပေါ်ကိုပဲ အာရုံစိုက်သွားမယ်လို့ CNBC သတင်းက ဆိုပါတယ်။



Photo: techspot

နေရာလေးခုမှာ ရှိတဲ့ Microsoft Store ဆိုင်တွေပဲ ကုန်ပစ္စည်းမရောင်းဘဲ ကုမ္ပဏီဝန်ဆောင်မှုတွေနဲ့ ထိတွေ့နိုင်မယ့် Experience Centers တွေအဖြစ် ဖွင့်လှစ်သွားဖို့ ရှိပါတယ်။ ဒီနေရာတွေကတော့ နယူးယော့ခ်မြို့ (Fifth Ave) ၊ လန်ဒန် (Oxford Circus) ၊ ဆစ်ဒနီ (Westfield Sydney) နဲ့ Redmond campus တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

လက်လီစတိုးတွေ ပိတ်သွားမှာ ဖြစ်ပေမယ့် ဝန်ထမ်းတွေ အလုပ်လျှော့မှာ မဟုတ်ဘူးလို့လည်း ကုမ္ပဏီက ပြောပါတယ်။ လက်လီစတိုးအ‌ရောင်းဝန်ထမ်းတွေဟာ ကုမ္ပဏီအရောင်းဝက်ဘ်ဆိုက်တွေမှာ ဖောက်သည်များ ရောင်းချခြင်း နဲ့ ပံ့ပိုးမှုများ လုပ်သွားရမှာပါ။ Microsoft Store တွေ ပိတ်လိုက်တဲ့ ကုန်ကျစရိတ်ကိုလည်း ကာမိဖို့ ကုမ္ပဏီဟာ ဒေါ်လာသန်း ၄၅၀ လျာထားတယ်လို့ ဆိုပါတယ်။ 

Photo: The Verge


"ကျွန်တော်တို့ရဲ့ ထုတ်ကုန်ဝန်ဆောင်မှုတွေဟာ ဒီဂျစ်တယ်ပုံစံအသွင်ကို ကြီးကြီးမားမား ပြောင်းလာချိန်မှာ ရောင်းအားကလည်း အွန်လိုင်းမှာ တက်နေပါတယ်။ ကျွန်တော်တို့ရဲ့ အရည်အချင်းပြည့်မီတဲ့ အဖွဲ့ကလည်း ပြင်ပအရောင်းဆိုင်ခန်းတွေထက် သာအောင် ဖောက်သည်ဝန်ဆောင်မှုပေးနိုင်တာလည်း တွေ့ရပါတယ်။" လို့ Microsoft Corporate ရဲ့ ဒုဥက္ကဌ ဒေးဗစ်ပေါ်တာက ဆိုပါတယ်။ 

အမေရိကန်နဲ့ ကမ္ဘာအရပ်ရပ်က Microsoft Store များ ပိတ်သွားမှာ ဖြစ်ပြီး ဒီဂျစ်တယ်လက်လီအရောင်းပုံစံဘက်ကို ဦးတည်မှာပါ။ ကုမ္ပဏီရဲ့ အဆိုအရ Microsoft.com ၊ Xbox နဲ့ Windows စတိုးဆိုင်တွေဆီ ဈေးကွက်ပေါင်း ၁၉၀ မှလစဉ် ဖောက်သည် ၁.၂ ဘီလျံအထိ လာရောက်ကြတယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က