ကုမ္ပဏီနှစ်ခုလုံး အမြတ်အစွန်းတွေ ရနေပါတယ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတွေကို အိမ်ထဲမှာ နေခိုင်းတဲ့ အပေါ် ဆီလီကွန်ဗယ်လီမှ ဘီလျံနာနှစ်ဦးမှာ ကွဲပြားတဲ့ အမြင်တွေ ရှိနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှု နှေးကွေးစေဖို့ ရည်ရွယ်ပြီး Lockdown ပိတ်ချမှုကို Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်မှ လက်ခံထားပြီး Loackdown ဖြေလျှော့မှု အမြန်လုပ်ဆောင်ခြင်းကို စိုးရိမ်နေတယ်လို့ ဆိုပါတယ်။ ဇူကာဘတ်ခ်ဟာ Facebook ရဲ့ ဝင်ငွေရလဒ်ရှင်းတမ်းမှာ ပြောကြားခဲ့တာပါ။



Photo: straitstimes

" ရောဂါကူးစက်မှုအနိမ့်ဆုံး Level ရောက်အောင် မလျှော့ချသေးခင် တစ်ချို့နေရာတွေကို အမြန်ပြန်ခွင့်ခွင့်ပေးတာဟာ နောက်တစ်ခါ ကူးစက်မှု ထပ်ဖြစ်စေပြီး ကျန်းမာရေးနဲ့ စီးပွားရေးရလဒ်ဆိုးဝါးမှု တာရှည်အောင် လုပ်နေသလို ဖြစ်မှာ ကျွန်တော်စိုးရိမ်ပါတယ် "လို့ မတ်ခ်ဇူကာဘတ်က ပြောပါတယ်။

Tesla ရဲ့ CEO အီလွန်မတ်စ်ကတော့ လူတွေကို အိမ်ထဲက အိမ်အပြင် မထွက်ဖို့ လုပ်တာဟာ ဖက်ဆစ်ဆန်တယ်လို့ ဝေဖန်ပါတယ်။ " ဒါက ဒီမိုကရေစီ မဆန်ဘူး။ လွတ်လပ်မှု မရှိဘူး။ လူတွေကို သူတို့ရဲ့ လွတ်လပ်ခွင့် ပြန်ပေးလိုက်ပါ" လို့ မတ်စ်က ဆိုပါတယ်။ ဒီကုမ္ပဏီနှစ်ခုစလုံးဟာ ဆန်ဖရန်စစ္စကို Bay Area မှာ အခြေစိုက်တာပါ။

Tesla ဟာ Lockdown ကာလ Bay Area မှာ ရှိတဲ့ စက်ရုံပိတ်သိမ်းဖို့ ကယ်လီဖိုးနီးယား အာဏာပိုင်များရဲ့ ညွှန်ကြားချက်ကို ငြင်းဆန်ဖူးပါတယ်။ လူတွေကို အိမ်ထဲမှာ အကျဉ်းချခြင်းဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ လူ့အခွင့်အရေးအားလုံးနဲ့ ဆန့်ကျင်နေတာ ဖြစ်တယ်လို့ အီလွန်မတ်စ်က ဆိုပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ စီးပွားရေး လုပ်ငန်းတွေကို ထိခိုက်လာတယ်ဆိုပေမယ့် Tesla ရဲ့ ၂၀၂၀ ပထမ သုံးလပတ် ဝင်ငွေဟာ အမြတ်အစွန်းများ ပြနေပါတယ်။ Tesla ဟာ ၂၀၂၀ ပထမသုံးလပတ်မှာ ဝင်ငွေ ဒေါ်လာ ၅.၉၈၅ ဘီလျံ နဲ့ အမြတ်ငွေ ‌ဒေါ်လာ ၁၆ သန်း ရရှိခဲ့ပါတယ်။ သုံးလပတ် သုံးခုဆက် အမြတ်ပြလာပြီးနောက် Tesla ရဲ့ ရှယ်ယာတန်ဖိုးဟာ ၉% တက်လာတယ်လို့ CNBC က ဆိုပါတယ်။

Photo: moneycrashers


COVID-19 ကာလမှာ Facebook သုံးစွဲသူဦးရေလည်း ထိုးတက်လာနေပါတယ်။ ပြီးခဲ့တဲ့ မတ်လထဲမှာ Facebook နေ့စဉ် သုံးစွဲသူဦးရေ DAU ဟာ ပျမ်းမျှ ၁.၇၃ ဘီလျံကျော် ရှိခဲ့ပါတယ်။ Instagram ၊ Messenger နဲ့ WhatsApp တို့ ပါဝင်တဲ့ Facebook ပိုင် Social apps တွေကို နေ့စဉ် သုံးစွဲသူ ဦးရေဟာ ၂.၃၆ ဘီလျံအထိ တက်လာနေပါတယ်။

COVID-19 ကြောင့် အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ရှိပေမယ့် Facebook ရဲ့ ဝင်ငွေဟာ ပြီးခဲ့တဲ့နှစ် ကာလတူထက် ၁၈% မြင့်တက်ခဲ့ပြီး ဒေါ်လာ ၁၇.၇ ဘီလျံ အထိ ဝင်ခဲ့ပါတယ်။


Share

Loading Next Article...
က္က