အလွန့်ကို နည်းတဲ့ MacBook Air တစ်ချို့မှာပဲ ကြုံခဲ့တာပါ
Nyein Min Wai

၂၀၁၈ မော်ဒယ် MacBook Air တစ်ချို့မှာ ကြုံတွေ့နေရတဲ့ Logic Board ပြဿနာကို အခမဲ့ ပြုပြင်ပေးသွားမယ်လို့Apple ရဲ့ ကုမ္ပဏီအတွင်း ပေးပို့တဲ့ အထောက်အထားတွေမှာ အတည်ပြုထားပါတယ်။

Photo: thequint

         Logic Board မှာ ပြဿနာ တက်နေတဲ့ မော်ဒယ်ဟာ ၂၀၁၈ မော်ဒယ် ၁၃ လက်မ Retina display သုံး မော်ဒယ်အနည်းငယ်မှာ ကြုံတွေ့နေတာ ဖြစ်ပါတယ်။ ဒီလို ပင်မ Logic Board ပြဿနာရှိထားတဲ့ စက်တွေရဲ့ အစိတ်အပိုင်းတွေကို အခမဲ့ လဲလှယ်ပေးဖို့Apple Store နဲ့Authorized Repair Staff တွေကို ညွန်ကြားထားတယ်လို့9to5Mac မှာ ဖော်ပြထားပါတယ်။

         9to5Mac ကနေ ရထားတဲ့ အထောက်အထားများအရ Logic Boards တွေမှာ တွေ့ရတဲ့ ပြဿနာဟာ ပါဝါနဲ့ဆိုင်တယ်လို့ပဲ ဖော်ပြထားပါတယ်။ Apple အနေနဲ့လည်း ပြဿနာရှိတဲ့ MacBook Air ပိုင်ရှင်တွေကို အီးမေးလ်ပေးပို့ပြီး အနီးဆုံး Apple Store နဲ့Apple ရဲ့ Authorized Dealer တစ်ခုခုဆီ တိုက်ရိုက်သွားဖို့အသိပေးထားပါတယ်။ Apple ဟာ MacBook Air တွေရဲ့ မူလဝယ်တဲ့ နေ့ကနေ ၄ နှစ်အတွင်း ဖြစ်လာတဲ့ ပြဿနာအတွက် ဝန်ဆောင်မှု ပေးမယ်လို့ဆိုပါတယ်။

Photo: The Verge

         အခုချိန်အထိတော့ Apple ဘက်မှ Logic Board ပြဿနာနဲ့ပတ်သက်ပြီး တရားဝင် ကြေညာချက်တွေ မထုတ်ပြန်ထားသေးပါဘူး။ ၂၀၁၈ မော်ဒယ် MacBook Air ပိုင်ရှင်တွေအနေနဲ့Apple Support ဝက်ဘ်ဆိုက်ထဲ ကနေ တစ်ဆင့် Apple Store မှာ appointment ယူနိုင်ပြီး Logic Board ပြဿနာဖြစ်နေတဲ့ စက်ရဲ့ serial နံပါတ် ပါလာခဲ့ရင် နီးစပ်ရာ Apple Store ကို သွားပြီး Logic Board လဲဖို့ညွှန်ကြားတဲ့ မက်ဆေ့ရောက်လာမှာပါ။

         ယခုလို Logic Board အခမဲ့ လဲပေးခြင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ် ၅ ပတ်အတွင်း Apple ကနေ လုပ်ဆောင်ခဲ့တဲ့ တတိယမြောက် Repair ပရိုဂရမ် တစ်ခု ဖြစ်ပါတယ်။ ဒီအစီအစဉ်ရဲ့ အရင်မှာ ၂၀၁၅ မော်ဒယ် ၁၅ လက်မ MacBook Pro တွေရဲ့ ဘက်ထရီသစ် လဲပေးတဲ့ အစီအစဉ်နဲ့၂၀၁၆ မော်ဒယ် ၁၃ လက်မ MacBook Pro display ရဲ့ backlight ဝန်ဆောင်မှု ပရိုဂရမ်တို့လုပ်ဆောင်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က