၂၀၁၆ ကတည်းက လုပ်ခဲ့တာပါ

အသက် ၁၃ နှစ်ကနေ ၃၅ နှစ် အရွယ်တွေကို တစ်လ ဒေါ်လာ ၂၀ ပေးပြီး VPN app တစ်ခု ထည့်သွင်းခဲ့တယ်ဆိုတဲ့ တွေ့ရှိချက်ကတော့ Facebook ရဲ့ နောက်ဆုံးရ အရှုပ်ထုပ်တစ်ခု ဖြစ်ပါတယ်။

Photo: Tech Crunch



         Tech Crunch ရဲ့ ဖော်ပြချက်အရ Facebook ဟာ Facebook Research ဆိုတဲ့ VPN app တစ်ခုကို ထည့်သွင်းဖို့ဆယ်ကျော်သက်အရွယ် လူငယ်တွေကို ငွေပေးခဲ့တယ်လို့ဆိုပါတယ်။ ဒီ VPN app ကတော့ သူတို့ရဲ့ Web history နဲ့အချက်အလက် တွေကို နှိုက်ယူမယ့် app လည်း ဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လက ဖယ်ရှားခဲ့တဲ့ Facebook ရဲ့ Onavo Protect ဆိုတဲ့ app နဲ့ဆင်တယ်လို့ဆိုပါတယ်။

ၤ         Facebook ဟာ ဒီ Facebook Research App ကို App Store ကနေ ဖယ်ရှားထားပြီး ဒေါင်းလုပ်ဆွဲတဲ့ ဆယ်ကျော်သက် လူငယ်တွေကို ပိုက်ဆံ ပေးပြီး ဆွဲခိုင်းခဲ့တာပါ။ Apple ရဲ့ မူအရ သုံးစွဲသူကို root access တာဟာ လူမှုကွန်ရက်စနစ်ထဲ ဖောက်ဝင် decrypt လုပ်နိုင်တာ ဖြစ်လို ခွင့်မပြုပေမယ့် Facebook ကတော့ ဒီလို ပေးထာားပြီး သူတို့ဖုန်းတွေရဲ့ လှုပ်ရှားမှုကို လေ့လာခဲ့တယ်လို့Tech Crunch မှ ဖော်ပြထားပါတယ်။

         Facebook ဘက်မှလည်း Tech Crunch ရဲ့ တွေ့ရှိမှုကို မှန်ကန်ကြောင်း ဝန်ခံထားပြီး သုံးစွဲသူရဲ့ အလေ့အထဆိုင်ရာ အချက်အလက်တွေ စုစည်းဖို့Research Program တစ်ခု run ခဲ့တာ ဖြစ်ကြောင်းနဲ့ရပ်တန့်ဖို့အစီအစဉ်မရှိကြောင်းလည်း တုန့်ပြန်ခဲ့ပါတယ်။ Facebook ဟာ Facebook Research App ကို ဖုန်းမှာ ထည့်သွင်းတဲ့ အသက် ၁၃ နှစ်ကနေ ၃၅ နှစ်အရွယ် iOS နဲ့Android users တွေကို ၂၀၁၆ ခုနှစ်ကတည်းက သူတို့ရဲ့ privacy ကို ဝယ်တဲ့ အနေနဲ့တစ်လကို ဒေါ်လာ ၂၀ ပေးခဲ့တာပါ။

Photo: Tech crunch

  Facebook ဟာ ဒီ app ကနေ တစ်ဆင့် မက်ဆေ့ချ် ၊ ဓါတ်ပုံ ၊ ဗွီဒီယိုစတဲ့ contents တွေ အပြင် အီးမေးလ် ၊ ဝင်ကြည့်တဲ့ ဝက်ဘ်ဆိုက် ၊ install လုပ်ထားတဲ့ apps နဲ့သုံးစွဲတဲ့ အချိန် ၊ ရောက်ရှိနေတဲ့ နေရာ ၊ သုံးစွဲတဲ့ ဒေတာပမာဏ စတာတွေအကုန်ကို ရယူခဲ့တာ ဖြစ်ပါတယ်။

ထူးခြားတာက Facebook ဟာ encryption လုပ်ထားတဲ့ apps တွေနဲ့secure browser တွေထဲက အချက်အလက်တွေပါ ဝင်ကြည့်နိုင်တယ်လို့ပြောထားတာပါ။ ဒါတင်မဟုတ်ဘဲ ဒီပရောဂျက်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ပြင်ပ thrid parties တွေကို မပေါက်ကြားစေရပါဘူးဆိုတဲ့ အချက်ပါ users တွေဘက်က သဘောတူထားရတာ ဖြစ်ပါတယ်။         

         Facebook ဟာ ၂၀၁၄ ခုနှစ်ကလည်း VPN startup တစ်ခုဖြစ်တဲ့ Onavo ကို ဒေါ်လာ သန်း ၁၂၀ နဲ့ဝယ်ခဲ့ပါတယ်။ ဒီ app ကို Facebook ဘက်မှ ဝယ်ယူပြီးနောက် Onavo Protect ကို ဒေါင်းလုပ်ဆွဲသူဟာ ဖုန်းထဲက အချက်အလက်များကို Facebook နဲ့ပြန် share ခွင့်ပေးရမယ်ဆိုတဲ့ သဘောတူညီပေးရတာကြောင့် Apple ဟာ privacy rules ချိုးဖောက်မှုနဲ့ဒီ app ကို App Store ကနေ ဖယ်ရှားစေခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က