အသက်ကြီးဆုံး နိုဗယ်ဆုရှင်တစ်ဦးလည်း ပါမှာပါ
Nyein Min Wai

ပေါ့ပါးပြီး ထပ်တလဲလဲအားပြန်သွင်းနိုင်တဲ့ Lithium-ion ဘက်ထရီနည်းပညာ ဖွံ့ဖြိုးရေးမှာ အဓိကကျခဲ့တဲ့ သိပ္ပံပညာရှင် ၃ ဦးကို ယခုနှစ်အတွက် ဓါတုဗေဒဆိုင်ရာ နိုဗယ်ဆုပေးအပ်သွားမယ်လို့ဆိုပါတယ်။


ကမ္ဘာပေါ်မှာ ပထမဆုံး လျှပ်စစ်ဘက်ထရီနည်းပညာကို ၁၈၀၀ ပြည့်နှစ်က အလက်ဆန်ဒိုဗော့တာက အစောဆုံး သရုပ်ပြမှု လုပ်ဆောင်ခဲ့တာပါ။ ဒီနောက်ပိုင်းမှာတော့ သိပ္ပံပညာရှင်တွေဟာ ပိုမိုကောင်းမွန်တဲ့ ဘက်ထရီနည်းပညာကို တီထွင်ကြံဆလာခဲ့တာပါ။ Lithium-ion ဘက်ထရီနည်းပညာဟာ ပေါ့ပါးတာကြောင့် သယ်ယူဖို့လွယ်ကူသလို ပြန်အားသွင်းနိုင်တဲ့ Rechargeable စနစ် ပါရှိတာကြောင့် စမတ်ဖုန်း ၊ လျှပ်စစ်ကားတွေကနေ စက်ဘီးတွေအထိ သုံးလာပါတယ်။

Photo: Reuters.uk


နေအလင်းရောင်နဲ့လေအား စတဲ့ သန့်စင်စွမ်းအင် အရင်းအမြစ်တွေကနေပါ စွမ်းအင် သိုလှောင်နိုင်တဲ့ Lithium-ion ဘက်ထရီနည်းပညာဖွံ့ဖြိုးမှုမှာ ရှေ့ဆောင်ပုဂ္ဂိုလ်တွေအဖြစ် အရေးပါဆုံး သိပ္ပံပညာရှင် ၃ ဦးဖြစ်တဲ့ ဂျွန်ဘီဂွတ်အားနော့ ၊ စတန်လေ ဝှစ်တမင် နဲ့အာကီရာ ယိုရှီနိုတို့ကို ၂၀၁၉ ခုနှစ်အတွက် ဓါတုဗေဒဆိုင်ရာနိုဗယ်ဆုချီးမြှင့်သွားမှာ ဖြစ်တယ်လို့Engadget က ဖော်ပြထားပါတယ်။

နိုဗယ်ဆုရှင် ၃ ဦးမှာ တက္ကဆက်တက္ကသိုလ်မှ ဂျွန်ဘီဂွတ်အားနော့ဟာ အသက် ၉၇ နှစ် ရှိပြီ ဖြစ်လို့နိုဗယ်ဆုရှင်သမိုင်းမှာ အသက်အကြီးဆုံးပုဂ္ဂိုလ်အဖြစ်လည်း မှတ်တမ်းဝင်မှာပါ။ ကျန်တဲ့ နိုဗယ်ဆုရှင်နှစ်ဦးဖြစ်တဲ့ စတန်လေ ဝှစ်တမင်နဲ့အာကီရာ ယိုရှီနိုတို့ဟာ ဘင်ဟမ်တန်တက္ကသိုလ်နဲ့နာဂိုရာမှ မီဂျိုတက္ကသိုလ်တို့မှာ အလုပ်လုပ်နေကြတဲ့ ပညာရှင်တွေ ဖြစ်ပါတယ်။

ဝှစ်တမင်ဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေကတည်းက lithium-ion တွေကို cathode ထဲ သိုလှောင်နည်းစနစ်သစ်ကို ဖော်ထုတ်ခဲ့ပြီး ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ဂွတ်အားနော့က ဒီစနစ်ထဲမှာ four volts charge သိုလှောင်မှုကို သက်သေပြခဲ့တာပါ။ ၁၉၈၅ ခုနှစ်အရောက်မှာတော့ ယိုရှီနိုဟာ ရှေ့က ပညာရှင် ၂ ဦးရဲ့ တီထွင်ချက်ကို အခြေခံပြီး စီးပွားဖြစ်အသုံးပြုနိုင်မယ့် ဘက်ထရီကို ဖန်တီးခဲ့ပါတယ်။


Photo: newsvoice

ဒီပညာရှင် ၃ ဦးကို နိုဗယ်ဆုတစ်ခုနဲ့ဆွီဒင်ခရိုနာ ၉ သန်း ( ဒေါ်လာ ၉ သိန်း ၅ ထောင်ခန့်) ခွဲဝေရယူရမှာပါ။ နိုဗယ်ဆုရှင်တွေအဖြစ် ရွေးချယ်မှုကို ဆွီဒင်နိုင်ငံ စတော့ခ်ဟုမ်းမှာ ရှိတဲ့ တော်ဝင်ဆွီဒင်သိပ္ပံအကယ်ဒမီမှာ အောက်တိုဘာ ၉ ရက်နေ့က ကြေညာပါတယ်။

၂၀၁၉ ခုနှစ်အတွက် ဓါတုဗေဒဆိုင်ရာ နိုဗယ်ဆုရွေးချယ်ရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မက်ဆာချူးဆက်လိုဝဲလ်တက္ကသိုလ်မှ ဓါတုဗေဒပညာရှင် အိုလော့ဖ်ရန်စတွန်းမှ " ဒီဘက်ထရီဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းပေါ် ကြီးမားတဲ့ သက်ရောက်မှုတစ်ခု ဖြစ်စေခဲ့ပါတယ်။ ပညာရှင်သုံးဦးရဲ့ ရှာဖွေတွေ့ရှိမှုက အမှန်တကယ် ဖြစ်စေခဲ့ပါတယ်။" လို့ဆိုပါတယ်။



က္က