အွန်လိုင်းပေါ်က အကြမ်းဖက်မှူတွေ တိုက်ဖျက်ဖို့ထိထိရောက်ရောက်ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်
Nyein Min Wai

လူမှူကွန်ရက်ကုမ္ဗဏီတွေအနေနဲ့လူအများအပြားကို ပစ်ခတ်လုပ်ကြံနိုင်ခြေရှိမှူအပေါ် ကြိုတင်တွက်ချက်နိုင်တဲ့ နည်းပညာသုံးစွဲရေးနဲ့ပတ်သက်ပြီး ဒီတစ်ပတ်သောကြာနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးမှူ တစ်ခု လုပ်ဆောင်ခဲ့ပါတယ်။

ဒီဆွေးနွေးမှူမှာ Facebook ၊ Twitter ၊ Google ၊ Microsoft နဲ့Amazon တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး လူမှူကွန်ရက်ကုမ္ဗဏီတွေအနေနဲ့Social Media Post တွေကနေ အကြမ်းဖက်သမားတွေရဲ့ အစုလိုက် ပစ်ခတ်နိုင်ခြေကိုပါ ခန့်မှန်းနိုင်မယ့် နည်းလမ်းတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။

Washington Post မှာတော့ ယခုလို ဆွေးနွေးအဖြေရှာမှူကို လာမယ့် ရက်သတ္တပတ်တွေမှာလည်း လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း လူ ၃၁ ဦး သေဆုံးစေခဲ့တဲ့ ပစ်ခတ်မှူ ၂ ခုဖြစ်ပွားခဲ့ပြီးနောက် အိမ်ဖြူတော်မှ အမေရိကန်လူမှူကွန်ရက်ကုမ္ဗဏီတွေကို ခေါ်ယူဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

Photo: Digital Trends

တနင်္ဂနွေနေ့က အိုဟိုးယိုးပြည်နယ် ဒေတန်မှာ ပစ်ခတ်မှူတစ်ခု ဖြစ်ပွားခဲ့ပြီး လူ၉ ဦးသေဆုံးခဲ့ပါတယ်။ ဒီအရင် တစ်ရက်လောက်ကလည်း တက္ကဆက်ပြည်နယ် အယ်လ်ပါဆို မှာရှိတဲ့ Walmart စတိုးတစ်ခုမှာ အစုလိုက်အပြုံလိုက် အကြမ်းဖက် ပစ်ခတ်မှူ ဖြစ်ပွားခဲ့ပြီး စုစုပေါင်း လူ ၂၂ ဦး သေဆုံးခဲ့ပါတာပါ။


အယ်လ်ပါဆို တိုက်ခိုက်မှူ မဖြစ်ခင်မှာ သေနတ်သမားဟာ 8chan လို့ခေါ်တဲ့ အွန်လိုင်းဖိုရမ်တစ်ခုမှာ အမုန်းစကားများနဲ့ပြည့်နေတဲ့ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။ အစွန်းရောက်သမားများ စုဝေးရာ ပလက်ဖောင်းအဖြစ် နာမည်ကျော်တဲ့ 8chan မှာ သေနတ်သမား အနည်းဆုံး ၃ ဦးစာ အမုန်းစကားနဲ့အကြမ်းဖက်ရေးဆိုင်ရာဝါဒဖြန့်မှူ တွေကို ဒီနှစ်ထဲမှာ တင်ခဲ့ပြီး ပစ်ခတ်မှူတွေ လုပ်ခဲ့ပါတယ်။

Photo: Vanity Fair

Twitter ကုမ္ဗဏီမှလည်း အိမ်ဖြူတော်ဆွေးနွေးပွဲကို အများပြည်သူရေးရာ အမှူဆောင်များ စေလွှတ်ခဲ့ပြီး Google ၊ Facebook နဲ့Amazon အပြင် တစ်ခြားနည်းပညာကုမ္ဗဏီများ ပါဝင်တဲ့ Internet Association အဖွဲ့ကတော့ အွန်လိုင်းပေါ်က အမုန်းတရားနဲ့အကြမ်းဖက်မှူတွေကို တိုက်ဖျက်ရေးမှာ အကျိုးရှိတဲ့ ဆွေးနွေးမှူတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


က္က