အပြစ်မဲ့သူတစ်ဦး အသတ်ခံခဲ့ရပါတယ်။
Nyein Min Wai

အိုဟိုင်းယိုးပြည်နယ်က အသက် ၁၉ နှစ်အရွယ် ဂိမ်မာတစ်ဦးဟာ ရဲတပ်ဖွဲ့ကို Prank call ခေါ်ဆိုရာကနေ အပြစ်မဲ့လူတစ်ဦး သေဆုံးမှုမှာ ပါဝင်တာကြောင့် ထောင် ၁၅ လ ကျသွားခဲ့ပါတယ်။


ကတ်ဆီဗင်နာဟာ Swatting call လို့ခေါ်တဲ့ အထူးလက်နက်တပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ကို ခေါ်ပြီး လူတစ်ယောက်ရဲ့ အိမ်ကို ဝင်စီးနင်းစေတဲ့ ဖုန်းလိမ်လည် ခေါ်ဆိုမှု လုပ်ခဲ့တာပါ။

Photo: CNN


၂၀၁၇ ဒီဇင်ဘာလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်မှာ ဖုန်းခေါ်ဆိုမှု လုပ်ခဲ့သူဟာ သူနဲ့တွဲဖက် ဂိမ်မာ တိုင်လာဘာရစ်ဖြစ်ပြီး ရဲတပ်ဖွဲ့ဟာ ဖုန်းတိုင်ကြားချက်ပါ လိပ်စာအတိုင်း ဝင်ရောက်စီးနင်းရာကနေ အသက် ၂၈ နှစ်အရွယ် အန်ဒရူး ဖင့်ချ်ဆိုသူ ပစ်သတ်ခံခဲ့ရတာ ဖြစ်တယ်လို့CNN သတင်းက ဆိုပါတယ်။

ကတ်ဆီဗင်နာဟာ တိုင်လာဘာရစ်နဲ့တွဲပြီး Call of Duty:WWII မှာ အဖွဲ့လိုက်ကစားစဉ်မှာ ဝင်ချီတာက ပြိုင်ဘက်ဂိမ်မာ ဂတ်စကီအိမ်ကို စီးနင်းဖို့ရဲတပ်ဖွဲ့ကို လိမ်လည် တိုင်ကြားခဲ့တာပါ။ 911 ကို ဖုန်းဆက်ပြီး တိုင်ကြားစဉ်မှာ ဘာရစ်ဟာ သူ့မိသားစုကို ဓါးစာခံအဖြစ် ဖမ်းထားပြီး အဖေကို သေနတ်နဲ့ပစ်ထားတယ်လို့ပြောခဲ့ပါတယ်။ ရဲတပ်ဖွဲ့က လိပ်စာတောင်းချိန်မှာ ဂတ်စကီလိပ်စာကို ပေးရမယ့်အစား အန်ဒရူးဖင့်ချ်ဆိုသူရဲ့ အိမ်လိပ်စာမှားပေးခဲ့တယ်လို့ဆိုပါတယ်။



မစ္စတာဖင့်ချ်အိမ်ရှေ့ရောက်ချိန်မှာ ရဲတပ်ဖွဲ့ဟာ လက်မြှောက်ထားဖို့ပြောပေမယ့် လှုပ်ရှားခဲ့တာကြောင့် ခါးနေရာကို သေနတ်နဲ့ပစ်ဖမ်းခဲ့တာပါ။ ကလေး ၂ ယောက်ဖခင် အန်ဒရူး ဖင့်ချ်ဟာ သေနတ်ဒဏ်ရာနဲ့ပဲ ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။ မစ္စတာဖင့်ချ်သေဆုံးမှုကြောင့် ရဲတပ်ဖွဲ့ကို နောက်ပြောင်ဖုန်းခေါ်ဆိုခဲ့သူ တိုင်လာဘာရစ်ကို ဖက်ဒရယ်အကျဉ်းထောင်မှာ ထောင်ဒဏ် နှစ် ၂၀ ကျခံစေဖို့ဒီနှစ်ဆန်းပိုင်းက အမိန့်ချမှတ်ခဲ့ပါတယ်။

Swatting call လုပ်ရာမှာ ကြံရာပါ ဖြစ်သူ ကတ်ဆီဗင်နာကိုတော့ လိမ်လည်မှုနဲ့တရားစီရင်မှုကို အတားအဆီးဖြစ်စေမှုနဲ့ထောင်ဒဏ် ၁၅ လနဲ့ငွေဒဏ် ဒေါ်လာ ၂၅၀၀ ပေးဆောင်စေဖို့အမိန့်ချမှတ်ခဲ့သလို ဂိမ်းကစားခွင့်လည်း ၂ နှစ် ပိတ်ပင်ခဲ့ပါတယ်။


က္က