လနဲ့ချီပြီး ပေါက်ကြားခဲ့တာပါ

     ရှန်းကျန့်အခြေစိုက် မျက်နှာပြင်ဖတ်နည်းပညာကုမ္ပဏီတစ်ခုဟာ ရှီဇန့်ဒေသက လူပေါင်း ၂.၅ သန်းကျော်ရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံနေတယ်လို့သတင်းထွက်ပေါ်လာခဲ့ပါတယ်။



         တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဝီဂါလူမျိုးစုတို့နေထိုင်ရာ ရှီဇန့်မှာ SenseNets Technology ကုမ္ပဏီမှ ခြေရာခံမှု လုပ်ဆောင်ခဲ့တယ်လို့နယ်သာလန်မှ အင်တာနက်ကျွမ်းကျင်သူ ဗစ်တာ ဂီဗားက ဆိုပါတယ်။ အကျိုးအမြတ်မယူတဲ့ GDI အဖွဲ့အစည်းကို တည်ထောင်သူတစ်ဦး ဖြစ်တဲ့ ဂီဗားစ်ရဲ့ အဆိုအရ SenseNets Technology ရဲ့ အွန်လိုင်းပေါ် ပေါက်ကြားလာတဲ့ အချက်အလက်တွေထဲမှာ နာမည် ၊ အိုင်ဒီကတ် ၊ မွေးနေ့နဲ့တည်နေရာအချက်အလက်တွေ ပါဝင်နေတယ်လို့ဆိုပါတယ်။

Photo: The Star Online

         လနဲ့ချီပြီး အွန်လိုင်းပေါ် ပေါက်ကြားခဲ့တဲ့ ဒီအချက်အလက်တွေထဲမှာ ဗလီ၊ ဟိုတယ်၊ အင်တာနက်ကဖေးစတဲ့ နာမည်တွေနဲ့တွဲပြီး ၂၄ နာရီအတွင်း စုစည်းတွေ့ရှိထားတဲ့ Location data points ပေါင်း ၆.၇ သန်း ပါဝင်တယ်လို့ဆိုပါတယ်။

         "ဒါက လုံးဝကြီးကို open ဖြစ်သွားတာ။ ဘယ်သူမဆို ဝင်ကြည့်လို့ရသွားတာပါ။ အဲဒီ database ထဲ ဝင်ပြီး အချက်အလက်တွေ ဖန်တီးတာ၊ ထပ်ဖြည့်တာ၊ ဖတ်ရှုတာအပြင် ရှိပြီးသား အချက်အလက်တွေပါ ဖျက်လို့ရခဲ့ပါတယ်။ " လို့ဂီဗားစ်က ပြောပါတယ်။

         မွတ်စလင်အများစု နေထိုင်တဲ့ ရှီဇန့်ဒေသဟာ တင်းမာမှုတွေ ရှိထားတဲ့ ဒေသတစ်ခုဖြစ်ပြီး တရုတ်အာဏာပိုင်တွေဟာလည်း ဒီဒေသနဲ့ပတ်သက်ပြီး နိုင်ငံခြားအစိုးရများ၊ UN လူ့အခွင့်အရေးသမားများရဲ့ ဖိအားပေးမှုနဲ့ကြုံတွေ့နေပါတယ်။ အခုလို အချက်အလက် စုဆောင်းမှုနဲ့ခြေရာခံတယ်ဆိုတဲ့ သတင်းကြောင့် ပိုပြီး စိုးရိမ်စရာ ဖြစ်နေပါတယ်။

Photo: Wall Street Journal

         တရုတ်နိုင်ငံဟာ မျက်နှာပြင်ဖတ်နည်းပညာကို ရာဇဝတ်မှု ပပျောက်ရေးမှာ အသုံးပြုနေပြီး တရုတ် CCTV စောင့်ကြည့်ရေးကွန်ရက်ရဲ့ အဆိုအရ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ AI နည်းပညာသုံး CCTV ကင်မရာပေါင်း သန်း ၆၀၀ ကျော်ဟာ နိုင်ငံသားများကို စောင့်ကြည့်ပေးနိုင်မှာ ဖြစ်ပြီး ယင်းတို့ရဲ့ သွားလာလှုပ်ရှားမှုများကိုလည်း မှတ်တမ်းတင်သွားမယ်လို့ဆိုပါတယ်။ SenseNets နဲ့မိခင်ကုမ္ပဏီ NetPosa အပါအဝင် ရှီဇန့်ပြည်နယ်အစိုးရပိုင်းကတော့ ဒီဖြစ်ရပ်ကို မှတ်ချက်ပြု ပြောကြားထားခြင်း မရှိပါဘူး။


ဆက်စပ်အကြောင်းအရာများ



က္က