ထွက်ရှိဖို့ အချိန်အတော််််ကြာဦးမှာပါ

ကမ္ဘာ့ပထမဆုံး 108MP ကင်မရာကို မိတ်ဆက်ခဲ့တဲ့ Samsung ဟာ နောက်ထပ် ထူးခြားတဲ့ ကင်မရာ sensor တစ်မျိုး ထုတ်လုပ်ဖို့ ကြိုးပမ်းနေပါတယ်။

Samsung Sensor ပိုင်း အကြီးအကဲ ယိုဂင်ပါ့ခ့်မှ"လူ့မျက်လုံးနဲ့ ယှဉ်ပြိုင်ခြင်း: ပုံရိပ်အာရုံခံနည်းပညာအတွက် ဖြစ်နိုင်ခြေများကို Samsung က ဘယ်လိုလုပ်ဆောင်နေသလဲ "ဆိုတဲ့ ခေါင်းစဉ်နဲ့ Samsung ဝက်ဘ်ဆိုက်မှာ ရေးသားချက်မှာ ဖော်ပြထားပါတယ်။ ဒီရေးသားချက်ထဲမှာ လူ့မျက်လုံးဟာ resolution နဲ့ဆိုရင် 500MP ခန့် ရှိပြီး Samsung ကတော့ ဈေးကွက်အတွက် 600MP ကင်မရာ ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။




ယိုဂင့်ပါခ့် (Photo: GSMArena)

" ဒီနေ့ခေတ် 40MP resolution ထုတ်နိုင်တဲ့ DSLR ကင်မရာအများစုနဲ့ 12MP flagship စမတ်ဖုန်းအများစုနဲ့ ယှဉ်ရင် ကျွန်တော်တို့ စမတ်ဖုန်းကင်မရာလောကဟာ လူသားတွေအမြင်စွမ်းအားမျိုး ရရှိဖို့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။" လို့ ယိုဂင်ပါ့ခ်က ပြောပါတယ်။

600MP ကင်မရာကို စမတ်ဖုန်းများ ၊ အလိုအလျောက်မောင်းယာဉ်များ ၊ ဒရုန်းနဲ့ IoT ထုတ်ကုန် စတဲ့ နယ်ပယ်အမျိုးမျိုးမှာ အသုံးချနိုင်မယ်လို့ ပါ့ခ်က ဆိုပါတယ်။ ကုမ္ပဏီအနေနဲ့ အခုလောက် ရုပ်ထွက်မြင့် Camera Sensor တစ်ခုကို တကယ်တမ်း ဈေးကွက်ဝင် ထုတ်လုပ်နိုင်ဖို့အတွက်ကတော့ အချိန်အများကြီး ထပ်ယူရဖို့ ရှိပါတယ်။


Photo: phonearena

နောက်တစ်ချက်ကလည်း Samsung ထုတ် 600MP sensor ဟာ ခေတ်ပေါ်စမတ်ဖုန်းတစ်လုံးမှာ တပ်ဆင်ဖို့ မဖြစ်နိုင်လောက်အောင် အရွယ်အစားကြီးနိုင်ပါတယ်။ Samsung အနေနဲ့ Pixel Binning နည်းပညာသုံးပြီး pixel size ကို လျှော့ချဖို့ ရှိပါတယ်။ Samsung ထုတ် 108MP ISOCELL Bright HM1 sensor ဟာ ကုမ္ပဏီရဲ့ Nonacell technology နည်းပညာကို သုံးထားပြီး 3x3 pixel structure နဲ့ တည်ဆောက်ထားတာပါ။

လက်ရှိမှာ 0.8μm ကို Sensor တစ်ခုပေါ်က အငယ်ဆုံး Pixel size အဖြစ် သတ်မှတ်ထားပေမယ့် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက မိတ်ဆက်ခဲ့တဲ့ Samsung sensor သစ်တွေဟာ ပထမဆုံး 0.7μm ပါရှိလာတယ်လို့ ဆိုပါတယ်။ ၂၀၂၀ ပြည့်နှစ် စတုတ္ထသုံးလပတ်အတွင်းမှာ Samsung ဟာ 150MP Nonacell sensor သစ်ကို စမတ်ဖုန်းတွေမှာ သုံးလာမယ်လို့ သတင်းထွက်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က