အရေးယူမှုတွေ မြင်ရဖို့ရှိပါတယ်
Nyein Min Wai

Facebook နဲ့YouTube က တာဝန်ရှိတဲ့ အမှုဆောင်အရာရှိတွေအနေနဲ့လူမှုကွန်ရက်ပေါ်က ပြဿနာတွေကို တာဝန်ယူရမယ့်အချိန် ရောက်လာပြီ ဖြစ်ပါတယ်။

         သြစတြေးလျပါလီမန်အဖွဲ့ဟာ လူမှုကွန်ရက်ပေါ်က အကြမ်းဖက်ဗွီဒီယိုနဲ့ပုံတွေကို ဖြန့်တာကို တားဆီးဖို့ကမ္ဘာ့ပထမဆုံး ဥပဒေတစ်ရပ်ကို အတည်ပြုလိုက်တယ်လို့Pedestrian သတင်းမှာ ဖော်ပြထားပါတယ်။ နယူးဇီလန် Christchurch အကြမ်းဖက်မှုမှာ လူသတ်သမားမှ Facebook ပေါ် Livestream လွှင့်ခဲ့တဲ့ ဖြစ်ရပ်ဟာ ဒီဥပဒေဖြစ်လာစေတဲ့ အခြေခံအကြောင်းတရားလို့ပြောနိုင်ပါတယ်။

         လူပေါင်း ၅၀ ကို သတ်နေစဉ် Live လွှင့်သွားတဲ့ ၁၇ မိနစ်ကြာ ဒီဗွီဒီယိုဟာ အွန်လိုင်းလူမှုကွန်ရက်မှာ ၁ နာရီကျော်ကြာတဲ့ အထိ မြင်တွေ့နေခဲ့တာပါ။ Facebook ဘက်မှ လက်ယာစွန်းရောက် လူဖြူလူမျိုးကြီး ဝါဒီ သြစတြေးလျနိုင်ငံသား ဘရန်တန် တာရန့်ရဲ့ Live လွှင့်ပြီး လူသတ်မှုကို ၁၂ မိနစ်ကြာမှ ဖယ်ရှားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို ကြည့်ပြီး သြစတြေးလျအစိုးရအနေနဲ့ဥပဒေအဖြစ် ထိန်းချုပ်ဖို့စီစဉ်လာတာပါ။

         " လူမှုကွန်ရက်ကုမ္ပဏီကြီးတွေအနေနဲ့သူတို့နည်းပညာထုတ်ကုန်တွေကို အကြမ်းဖက်လူသတ်သမားတွေ တလွဲသုံးစရာဖြစ်လာတဲ့ အပေါ်မှာ တာဝန်ယူမှု ရှိရပါမယ်" လို့ဝန်ကြီးချုပ် စကော့မောရစ္စဆင်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဝန်ကြီးချုပ်ဟာ မကြာသေးမီကပဲ Facebook ၊ Twitter နဲ့Google တို့ပါဝင်တဲ့ နည်းပညာကုမ္ပဏီတွေနဲ့တွေ့ဆုံခဲ့ပြီး သြစတြေးလျအစိုးရအဖွဲ့ဟာ တစ်ခြား G20 နိုင်ငံတွေကို လူမှုကွန်ရက်ကုမ္ပဏီတွေ တာဝန်ခံယူမှု ရှိဖို့အကြောင်း တိုက်တွန်းခဲ့တယ်လို့ပြောခဲ့သူ ဖြစ်ပါတယ်။

Photo: CNBC

         သြစတြေးလျအစိုးရအဖွဲ့ရဲ့ ရာဇဝတ်မှု ကျင့်ထုံး (အမုန်းပွားဖွယ် အကြမ်းဖက်မှု အကြောင်းအရာများ တရားမဲ့ ဖော်ပြမှု) ဥပဒေ ၂၀၁၉မှာ လူမှုကွန်ရက်အမှုဆောင်တွေကို ထောင်ချနိုင်မယ်လို့ဖော်ပြထားပါတယ်။ ဒီဥပဒေဟာ အစိုးရအနေနဲ့လူမှုကွန်ရက်ကုမ္ပဏီတွေ ဥပဒေချိုးဖောက်မယ်ဆိုရင် ကုမ္ပဏီရဲ့ နှစ်စဉ် ဝင်ငွေစုစုပေါင်း ၁၀% ဒဏ်ကြေး ဆောင်ဖို့ပါ ထည့်သွင်းထားတာပါ။

         မတ်လလယ်က ဖြစ်ပွားခဲ့တဲ့ Christchurch တိုက်ခိုက်မှုနဲ့ဆိုင်တဲ့ ဗွီဒီယိုဖိုင်ပေါင်း ၁.၅ သန်းဟာ ၂၄ နာရီအတွင်း Facebook ပေါ်ကနေ ဖယ်ရှားခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပေမယ့် လူမှုကွန်ရက်သုံးစွဲသူ သန်းပေါင်းများစွာအကြား ပျံ့နှံ့ခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ကြုံပြီးနောက် ဗြိတိန်လေဘာပါတီခေါင်းဆောင် ဂျယ်ရမီ ကောဘင်းကလည်း ဒီလိုလူမှုကွန်ရက်ပလက်ဖောင်းတွေကို အရေးယူဖို့နဲ့ဥပဒေတွေ ထုတ်ဖို့တိုက်တွန်းခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က