ယူကေမှာ စတင်ဖြန့်ချိထားပါတယ်
Nyein Min Wai

Facebook ဟာ အကောင့်မရှိသူတွေလည်း ဝင်လို့ရမယ့် ရုပ်သံခေါ်ဆိုမှု feature သစ် မိတ်ဆက်လိုက်ပါတယ်။


COVID-19 ကာလ လူမှုကွန်ရက်ပေါ်ကနေ ရုပ်သံခေါ်ဆိုမှု မြင့်တက်လာချိန်မှာ Facebook ဟာ Messenger Rooms ကို ကြေညာလိုက်တာပါ။ Messenger Rooms ဟာ လူ ၅၀ အထိ တစ်ပြိုင်နက်တည်း ရုပ်သံခေါ်ဆိုမှု လုပ်နိုင်တဲ့ features တစ်ခု ဖြစ်ပြီး မလိုချင်တဲ့ ဧည့်သည်တွေ Video Chat ထဲ ဝင်မလာဖို့ လုံခြုံရေးစနစ် လျှို့ဝှက်ထိန်းသိမ်းသူ Cryptographer တွေနဲ့ အလုပ်လုပ်ထားတယ်လို့ ဆိုပါတယ်။

Photo: iclarified


Facebook Messenger မှာလည်း Video Chatting Feature ထည့်ထားပေမယ့် ခေါ်ဆိုနိုင်တဲ့ လူအရေအတွက်နဲ့ Facebook အကောင့်တစ်ခု ရှိရမယ်ဆိုပြီး ကန့်သတ်ထားတာတွေ ရှိပါတယ်။ Messenger Rooms မှာတော့ Facebook အကောင့်မရှိသူတွေကိုလည်း ကိုယ်ဖန်တီးထားတဲ့ Room ထဲကနေ link လှမ်းပို့လိုက်တာနဲ့ join နိုင်မှာ ဖြစ်ပါတယ်။ Room ထောင်ထားတဲ့ သူဟာ ဒီရုပ်သံစကားဝိုင်းမှာ ဝင် join ဖို့ လူရွေးနိုင်သလို အချိန်မရွေးလည်း ဖယ်ရှားနိုင်မှာပါ။ ဒါ့အပြင် မဝင်စေချင်တဲ့သူတွေကိုလည်း lock လုပ်ထားနိုင်မယ်လို့ ဆိုပါတယ်။ 

Room မှာ join သူကလည်း ကိုယ်ကြိုက်တဲ့အချိန်မှာ ပြန်ထွက်သွားနိုင်ပါတယ်။ Facebook Group တစ်ခုကနေ ဖန်တီးထားတဲ့ Rooms ကို အဖွဲ့ထဲက member အားလုံးက default အနေနဲ့ ဝင်ကြည့်နိုင်မှာပါ။ Rooms ဟာ လူအများကြီး ရုပ်သံစကားပြောကြတာ ဖြစ်လို့ end-to-end encryption တော့ မပေးနိုင်ပါဘူး။ Facebook ကတော့ နောက်ပိုင်းမှာ encryption ပိုင်း ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

Photo: 9to5Mac



လောလောဆယ်မှာတော့ Rooms မှာ ပြောတဲ့ အကြောင်းအရာ content တွေကို encrypt လုပ် လျှို့ဝှက်ထားပြီး ဥပဒေအားကောင်းတဲ့ နိုင်ငံအနည်းငယ်မှာ ထားရှိထားတဲ့ Facebook Servers တွေမှာ သိမ်းထားတယ်လို့ GSMArena သတင်းက ဖော်ပြထားပါတယ်။ ကုမ္ပဏီဘက်ကလည်း Rooms ထဲက Video/Audio Call တွေကို စောင့်ကြည့်/နားထောင်ခြင်း လုပ်မှာ မဟုတ်ဘူးလို့လည်း ကတိပြုထားပါတယ်။

ဒီ feature သစ်ကို ယူကေက သုံးစွဲသူတစ်ချို့အတွက် ဒီတစ်ပတ် သောကြာနေ့မှာ စတင်ဖြန့်ချိသွားမှာ ဖြစ်ပြီး Facebook အဖွဲ့ဝင်အားလုံးဆီ ရောက်ဖို့ သီတင်းပတ်အတော်များများ စောင့်ရဦးမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က