မကြာခင်မှာ လူတစ်ယောက်လို သဘာဝကျကျစကားဆိုနိုင်မယ့် chatbot တွေ မြင်ရတော့မှာပါ

Facebook ဟာ လူတွေနဲ့ ပိုပြီး နားလည်မှုရှိရှိ စကားလက်ဆုံပြောနိုင်မယ့် Blender ဆိုတဲ့ chatbot တစ်ခုကို ဖန်တီးထားပါတယ်။

Blender ဟာ လူပိုဆန်တဲ့ အပြန်အလှန်ဆက်သွယ်မှုလုပ်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ open-domain chatbot ဖြစ်ပါတယ်။ Engadget သတင်းအရ Blender ဟာ parameter ပေါင်း ၉.၄ ဘီလျံနဲ့ လေ့ကျင့်ထားတာ ဖြစ်လို့ Googleရဲ့ Meena ထက် training parameter ၄ ဆနီးပါး ပိုများတယ်လို့ ဆိုပါတယ်။ အင်တာနက်ပေါ်မှာ ရှိတဲ့ အကြီးဆုံး OS chatbot ထက်လည်း ၁၀ ဆကျော် ပိုများတယ်လို့ ဖော်ပြထားပါတယ်။



Photo: BBC


Facebook ဟာ Blender ကို လေ့ကျင့်ရာမှာ လူတွေစကားဖလှယ်ပြောဆိုပုံနမူနာ ၁.၅ ဘီလျံပါတဲ့ public domain စကားဝိုင်းကို အသုံးပြုထားတာပါ။ Facebook ရဲ့ အဆိုအရ လူတွေရဲ့ ၄၉% ဟာ တစ်ခြားလူတစ်ယောက်နဲ့ ပြောတာထက် စာရင် chatbot နဲ့ ပြောရတာ ပိုသဘောကျတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း Reddit လို ပလက်ဖောင်းသုံးပြီး AI ကို လေ့ကျင့်တာဟာ အားနည်းချက်တွေ ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

စကားဝိုင်းတစ်ခု ကြာလာလေလေ ပြဿနာအများကြီး တက်တက်လာလေလေ ဖြစ်ပြီး Blender အနေနဲ့ ရန်လိုတဲ့ စကားတွေနဲ့ တစ်ခါတစ်ရံ တုန့်ပြန်နိုင်ပြီး တစ်ခါတစ်လေမှာ အချက်အလက်တွေကို လိုသလို ပုံဖော်တာမျိုးလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။ Facebook ကတော့ Blender နဲ့ စကားပြောသူ ၆၇% ဟာ Meena ထက် လူပိုဆန်တယ်လို့ ယူဆကြောင်း တွေ့ရှိထားတယ်လို့ ပြောပါတယ်။


Photo: venturebeat

" ဒီ Chatbot ကို လေ့ကျင့်ဖို့ ကြိုးစားချိန်မှာ ပြဿနာတွေ အများကြီး ကြုံရပါတယ်။ ဒီလောက်ကြီးမားတဲ့ အရာတစ်ခုကို စတင်ချိန်မှာ GPU တစ်ခုတည်းနဲ့ မကိုက်တော့တာ ဖြစ်လာပါတယ်။" လို့ Facebook AI LAB (FAIR) သုတေသနအင်ဂျင်နီယာ စတီဖင်ရိုလာက ဆိုပါတယ်။ 

FAIR ဟာ Blender ရဲ့ တု့န်ပြန်မှုမှာ လူပိုဆန်လာစေဖို့ စာနာမှု ၊ ကိုယ်ရည်ကိုယ်သွေး နဲ့ ဗဟုသုတ ဖော်ပြနိုင်စွမ်း စတဲ့ အပြုအမူ ၃ ရပ်ပေါ် အာရုံစိုက်ခဲ့ပါတယ်။ Blender မှာ ပါတဲ့ Blended Skill Talk feature ကြောင့် ဒီ အပြုအမူလုပ်ဆောင်ချက် ၃ ရပ်စလုံးကို အထစ်အငေါ့မရှိ ကူးပြောင်း တုန့်ပြန်နိုင်မှာပါ။ စကားဝိုင်းမှာလည်း ရုပ်ရှင် ၊ ဂီတနဲ့ သက်သက်လွတ်စားသုံးမှု အကြောင်း စတဲ့ ခေါင်းစဉ်မျိုးစုံကို ဆွေးနွေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က