လျှပ်စစ်ကားမောင်းသူတွေအတွက် အထူးအခွင့်အရေးတွေ လာမှာပါ
Nyein Min Wai

ယူကေမှာရှိတဲ့ လျှပ်စစ်ကားယာဉ်မောင်းတွေဟာ အထူးအစိမ်းရောင်နံပါတ်ပြားတစ်ခု လာမယ့် ၂၀၂၁ ခုနှစ် နောက်ပိုင်းက စလို့ အသုံးပြုသွားရတော့မှာပါ။

သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန DfT ဟာ လာမယ့် ၂၀၅၀ မှာ ကာဗွန်စွန့်ထုတ်မှု လုံးဝမရှိရေး ရည်မှန်းချက်ကို ရောက်ရှိဖို့လျှပ်စစ်ကားရောင်းအားတက်အောင် မျှော်လင့်ထားတာပါ။ လျှပ်စစ်ကားတွေမှာ နံပါတ်ပြားအစိမ်းသစ် တပ်ဆင်ခြင်းဟာ လျှပ်စစ်ကားတွေမှန်း သိသာစေဖို့အပြင် အခမဲ့ကားပါကင်ထိုးတာမျိုး အခွင့်တွေပါ ရရှိမယ်လို့ဆိုပါတယ်။

Photo: theguardian


" ယူကေဟာ ကာဗွန်စွန့်ထုတ်မှုကင်းစင်ရေးကို ဦးတည်နေချိန်မှာ ဒီအစီအစဉ်ဟာ ယူကေလမ်းတွေပေါ် ကာဗွန်စွန့်ထုတ်မှုမရှိတဲ့ကားတွေ အရေအတွက် တိုးလာဖို့အသိအမြင်တွေ တိုးလာဖို့မျှော်လင့်ပါတယ်။" လို့DfT က ဆိုပါတယ်။ လက်ရှိအဆိုပြုထားတဲ့ နံပါတ်ပြားအစိမ်း ဒီဇိုင်း ၃ ခု ရှိပြီး လုံးဝအစိမ်းချည်းဒီဇိုင်း တစ်ခု ၊ အစိမ်းနဲ့အဝါတန်းတစ်ခုနဲ့အဝါနောက်ခံ အစိမ်းအစက်တစ်ခုတို့ပါဝင်ပါတယ်။

နံပါတ်ပြားအစိမ်းတပ် လျှပ်စစ်ကားအနေနဲ့ဘတ်စ်ကားလမ်းတွေ သုံးနိုင်တာမျိုး ဈေးချိုတဲ့ ကားပါကင်ထိုးမှုမျိုးလိုမျိုး ဦးစားပေးခံရမှာ ဖြစ်တယ်လို့လည်း Telegraph သတင်းမှာ ဖော်ပြထားပါတယ်။

" ယူကေအစိုးရအနေနဲ့ယာဉ်မောင်းတွေကို သန့်စင်ပြီး ကာဗွန်စွန့်မှု မရှိတဲ့ကားတွေ ပြောင်းဖို့အရင့်အရင်ကထက် ပိုအဆင်ပြေအောင် လုပ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ဒီလျှပ်စစ်ကားတွေကို အားသွင်းရာမှာ စမတ်ဖုန်တစ်လုံး အားသွင်းသလောက် လွယ်စေချင်ပါတယ်။" လို့သယ်ယူပို့ဆောင်ရေး အတွင်းရေးမှူး ဂရန့်ရှက်ပ်စ်က ဆိုပါတယ်။

လျှပ်စစ်ကား နံပါတ်ပြားသစ်ကို တပ်ဆင်ဖို့ဘယ်လို လျှပ်စစ်နဲ့ကာဗွန်စွန့်ထုတ်မှု နည်းတဲ့ ကားတွေနဲ့ကိုက်ညီမှု ရှိမလဲဆိုတဲ့ အချက်ကို ယူကေအစိုးရဟာ အများပြည်သူကို အကြံတောင်းခံမှု လုပ်ဆောင်နေပါတယ်။ ၁၂ ပတ်ကြာမြင့်မယ့် ဒီအကြံတောင်းခံမှုအပြီးမှာ နံပါတ်ပြားသစ် တပ်ဆင်ဖို့လိုအပ်တဲ့ တရားဝင်လုပ်ဆောင်မှုတွေ စတင်သွားတော့မှာပါ။


Photo: carthrottle

ယူကေနိုင်ငံ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနရဲ့ ဇွန်လအထိ အချက်အလက်များအရ မှတ်ပုံတင်ထားတဲ့ လျှပ်စစ်နဲ့hybrid ကားပေါင်း ၂ သိန်း ၂ သောင်းကျော် ရှိထားတယ်လို့ဆိုပါတယ်။ ယူကေအစိုးရရဲ့ Rode to Zero စီမံကိန်းအရ လာမယ့် ၂၀၅၀ မှာ ကာဗွန်ထုတ်လွှတ်မှု ကင်းမဲ့စေဖို့ပေါင် ၁.၅ ဘီလျံ ရင်းနှီးမြှပ်နှံထားပါတယ်။


က္က