စွန့်ပစ်စက်ရုံနှစ်ခုကနေ အစိုးရလျှပ်စစ်မီး သုံးစွဲမှူ တဟုန်းထိုးမြင့်တက်ကြောင်း သတိပေးချက် ထွက်လာပြီးနောက် အီရန်အာဏာပိုင်တွေဟာ ဒီစက်ရုံတွေထဲက Bitcoin ထုတ်တဲ့ စက်ပေါင်း ၁၀၀၀ ခန့်ကို သိမ်းဆည်းခဲ့တယ်လို့ဆိုပါတယ်။
အီရန်နိုင်ငံပိုင် ရုပ်သံဌာန Press TV ကနေ ဖော်ပြချက်အရ cryptocurrency ထုတ်တဲ့ စက်ရုံက စက်တွေဟာ ဇွန် ၂၁ ရက်နေ့အထိ စွမ်းအင်သုံးစွဲမှူမှာ ၇% တက်လာခဲ့တယ်လို့ဖော်ပြထားပါတယ်။ cryptocurrency ထုတ်လုပ်မှူဟာ အီရန်မှာ ပိတ်ပင်ထားတဲ့ အရာ ဖြစ်ပါတယ်။
Photo: eteknix
“bitcoin ထုတ်သွားတဲ့ စက်တွေထဲက နှစ်ခုကို လျှပ်စစ်ဓါတ်အား ၁ မဂ္ဂါဝပ်သုံးထားတယ်လို့တွေ့ရပါတယ်။ ”လို့Yazd အလယ်ပိုင်းတိုင်းမှ စွမ်းအင် အာဏာပိုင်တစ်ဦး ဖြစ်တဲ့ အာရက်ရှ် နာဗက်က Press TVကို ပြောပါတယ်။
Crypto mining လုပ်ငန်းစဉ်ဟာ လျှပ်စစ်ဓါတ်အား သုံးစွဲမှူ အလွန်မြင့်တဲ့ ဖြစ်စဉ်ဖြစ်ပြီး အလွန်ရှူပ်ထွေးတဲ့ ကွန်ပျူတာ process တစ်ခုကို အင်တာနက်က တစ်ဆင့် ပုစ္ဆာနဲ့ြ့ပဿနာတွေ ဖြေရှင်းရင်း အဆင့်အလိုက် သတ်မှတ်ထားတဲ့ Bitcoin / Ethereum စတဲ့ digital coin တွေ ရရှိတာပါ။ အီရန်ဗဟိုဘဏ်ဟာ Bitcoin အပါအဝင် cryptocurrencyတွေကို တရားမဝင်ကြောင်း ၂၀၁၈ ကတည်းက ကြေညာထားပါတယ်။
လက်ရှိ Crypto Markets ထဲမှာ ထိပ်တန်း cryptocurrency တစ်ခု ဖြစ်တဲ့ Bitcoin တစ်ခုဟာ ၁၂၃၁၆ ဒေါ်လာ ( မြန်မာငွေ ၁၈၆ သိန်းကျော်) ပေါက်နေပါတယ်။ ကမ္ဘာ့အကြီးဆုံး လူမှူကွန်ရက်ကြီး ဖြစ်တဲ့ Facebook ဟာလည်း Libra နာမည်နဲ့ဒီဂျစ်တယ်ငွေကြေးသစ်ကို လာမယ့် ၂၀၂၀ နှစ်ဆန်းပိုင်းမှာ မိတ်ဆက်သွားမယ်လို့ကြေညာထားပါတယ်။