ခေါင်းပိုင်း ထိခိုက်မိတာ ပိုများနေပါတယ်

အမေရိကန်မှ လျှပ်စစ်စကူတာ စီးနင်းမှု အကြိမ် ၁ သိန်း တိုင်းမှာ လူ ၂၀ နှုန်း ထိခိုက်ဒဏ်ရာ ရရှိနေတယ်လို့ဆိုုပါတယ်။

         အများပြည်သူ ကျန်းမာရေးနဲ့ပို့ဆောင်ဆက်သွယ်ရေး ဌာနတွေမှာ လုပ်ခဲ့တဲ့ ရောဂါထိန်းချုပ်မှုနဲ့ကာကွယ်ရေးဌာန CDC ရဲ့ လေ့လာမှုကနေ ထွက်ပေါ်လာတာ ဖြစ်ပြီး ၂၀၁၈ စက်တင်ဘာ ၅ ရက်ကနေ နိုဝင်ဘာ ၃၀ အတွင်း စကူတာ စီးနင်းတာနဲ့ဆက်စပ်ပြီး လူပေါင်း ၂၇၁ ဦး ထိခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။


         The Verge မှာ ဖော်ပြချက်အရ ဒီလေ့လာမှုမှာ e-Scooter သုံးစွဲမှု နာရီပေါင်း ၁၈၂၃၃၃ နာရီ ရှိခဲ့ပြီး စကူတာစီးတဲ့ ခရီးစဉ် ၁ သိန်းမှာ လူ ၂၀ ဒဏ်ရာရတာတွေ ရှိထားတယ်လို့ဆိုပါတယ်။ ဒီလို ထိခိုက်မှုရဲ့ ထက်ဝက်နီးပါးဟာ ခေါင်းပိုင်း ထိခိုက်ခဲ့တာ ဖြစ်ပြီး ၁၅% ကတော့ ဦးနှောက်ပါ ထိခိုက်တာတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။

         ထိခိုက်ဒဏ်ရာရသူ ၁၉၀ မှာ ၁ ယောက်ပဲ Helmet ဆောင်းတယ်လို့လည်း ဒီလေ့လာမှုက ဖော်ပြထားပါတယ်။ လျှပ်စစ်စကူတာနဲ့ဆက်စပ်ပြီး ထိခိုက်ခဲ့တဲ့ လူပေါင်း ၁၉၂ ယောက်ကို လေ့လာမှုအရ ဒဏ်ရာရသူ ၇၀% ဟာ ကိုယ်ခန္ဓာအပေါ်ဘက်မှ ခြေချောင်း လက်ချောင်း ပုခုံနဲ ့လက်ကောက်ဝတ်တွေ ထိခိုက်မိခဲ့ပြီး ၅၅% ဟာ အောက်ပိုင်း ထိခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

         လျှပ်စစ်စကူတာတွေဟာ ခေတ်စားလာတဲ့ မြို့တွင်းသွားတစ်ကိုယ်စီး ယာဉ်တွေ ဖြစ်ပြီး ကြိုက်တဲ့နေရာမှာ ချထားနိုင်ခဲ့တဲ့ Dockless အဝေးထိန်းနည်းပညာနဲ့လာတာကြောင့် အဆင်ပြေပေမယ့် တစ်ချို့နိုင်ငံတွေမှာ စကူတာတွေကို စည်းကမ်းမရှိ တွေ့ရာနေရာမှာ ထားခြင်းကြောင့် ဝေဖန်မှုလည်း မြင့်တက်နေကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က