၃ လအထိ ပေးသွားမှာပါ
Nyein Min Wai

ဝန်ဆောင်မှုသက်တမ်း ၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် Ooredoo ဟာ M-ပိုက်ဆံ app နဲ့ဖုန်းငွေဖြည့်သူတိုင်းကို ၁၀၀% အပိုငွေဖြည့်လက်ဆောင်ပေးနေပြီလို့ဆိုပါတယ်။

Capture_1185x960.jpg

Photo: Ooredoo

 

ဒီအစီအစဉ်ကို စက်တင်ဘာ ၁၄ ရက်မှ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ၃ လတိုင်ပေးသွားမှာ ဖြစ်ပြီး အပိုလက်ဆောင်များကို ၃ ရက်အတွင်း အသုံးပြုနိုင်မှာပါ။ Ooredoo ဟာ M-ပိုက်ဆံဝန်ဆောင်မှုကို စက်တင်ဘာလ ၁၉ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ သုံးစွဲသူ ၄ သိန်းကျော်နေပြီလို့ဆိုပါတယ်။

ဒီဝန်ဆောင်မှုဟာ ဖုန်းအချင်းချင်း ချိတ်ဆက်ကာ ငွေလွဲှခြင်း ၊ ငွေလက်ခံခြင်း ၊ ဖုန်းဘေလ်ဖြည့်ခြင်း အပြင် M-ပိုက်ဆံကိုယ်စားလှယ်ဆီမှာ ငွေသား ထုတ်ခြင်းများအထိ လုပ်ဆောင်နိုင်တဲ့ ဝန်ဆောင်မှုတစ်ခုလည်း ဖြစ်ပါတယ်။

M-Pitesan ဝန်ဆောင်မှုကနေ တစ်ရက်မှာ အနည်းဆုံး ငွေ ၅၀၀၀၀ ကျပ်ကနေ အများဆုံး ငွေ ၂၀၀၀၀၀ ကျပ်အထိ ငွေလွဲှနိုင်ပြီး တစ်လအတွက် အနည်းဆုံး ကျပ် ၁၀ သိန်းကနေ အများဆုံး ကျပ်သိန်း ၅၀ အထိ ငွေကြေးလွဲှပြောင်းနိုင်တယ်လို့သိရပါတယ်။

Ooredoo ဟာ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်တဲ့ M-ပိုက်ဆံကွန်ရက် လည်ပတ်နိုင်ဖို့မြန်မာငွေ ကျပ် သန်း ၃၀၀ ရင်းနှီးမြှပ်နှံထားတယ်လို့ ဝန်ဆောင်မှုဌာနအကြီးအကဲဖြစ်သူ Mr.Jacques က ဆိုပါတယ်။

44_1280x880.jpg

Photo: Ooredoo

 

 အစောပိုင်းမှာ ဒီဝန်ဆောင်မှုကို ရန်ကုန် ၊ နေပြည်တော် ၊ မန္တလေး ၊ ပဲခူးနဲ့တောင်ကြီးမြို့များမှာ ကိုယ်စားလှယ်ပေါင်း ၂၄၀၀ နဲ့စတင်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ ကိုယ်စားလှယ်ပေါင်း ၁၀၀၀၀ ကျော်နေပြီလို့ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က