စင်္ကာပူနဲ့ထိုင်းလေကြောင်းလိုင်းတွေမှာလည်း ကန့်သတ်ထားပါတယ်
Nyein Min Wai

သြစတြေးလျ လေကြောင်းလိုင်းနှစ်ခုဟာ ၁၅ လက်မ MacBook Pro များ သယ်ယူမှု တားမြစ်လိုက်ပါတယ်။

Virgin Australia မှ ခရီးသည်များ လေယာဉ်ပေါ် ယူမလာဖို့တားမြစ်ထားတဲ့ အန္တရာယ်ရှိ ကုန်ပစ္စည်းများဆိုင်ရာ သတင်းအချက်အလက် စာမျက်နှာရဲ့ ထိပ်ဆုံးနားမှာ Apple လက်ပ်တော့များကို လက်ဆွဲအိတ်နဲ့ပဲ ထည့်ယူရမယ်လို့ဖော်ပြထားပြီး လေယာဉ်ပျံသန်းစဉ်မှာ အသုံးပြုလို့ရနိုင် မရနိုင်ဆိုတဲ့ အချက်ကို ပြောမထားပါဘူး။

Photo: The Australian

MacBook တွေ ပါလာတဲ့ ခရီးသည်တွေအတွက် အရေးတကြီး သတင်းအချက်အလက်အဖြစ် ဖော်ပြရာမှာ Apple MacBook ဘက်ထရီတွေကို တစ်ကမ္ဘာလုံးမှာ ပြန်သိမ်းနေတာကြောင့် နောက်ထပ် အသိပေးအကြောင်းကြားမှု မလုပ်မချင်း လက်ဆွဲအိတ်ထဲမှာပဲ ထည့်ထားဖို့ရေးထားပါတယ်။

နောက်ထပ် သြစတြေးလျ လေကြောင်းလိုင်းတစ်ခု ဖြစ်တဲ့ Qantas Airways ကလည်း အလားတူ စည်းမျဉ်းများ ထုတ်ပြန်ထားပြီး လေကြောင်းပျံသန်းမှုအတွင်း စက်ပိတ်ထားဖို့ညွှန်ကြားထားပါတယ်။ MacBook Pro များ သယ်ယူမှုကို စည်းမျဉ်းတင်းကြပ်ထားတဲ့ အထဲမှာ Singapore Airlines နဲ့Thai Airways တို့လည်း ပါဝင်နေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လထဲမှာ Apple ဟာ ၂၀၁၅ စက်တင်ဘာနဲ့၂၀၁၇ ဖေဖော်ဝါရီလအတွင်း ရောင်းချခဲ့တဲ့ ၁၅ လက်မ MacBook Pros တွေမှာ အပူလွန်ကဲမှုနဲ့လုံခြုံရေးအန္တရာယ်ရှိနိုင်တယ်ဆိုပြီး စတင် သိမ်းဆည်းခဲ့တာပါ။ Apple ကုမ္ပဏီအနေနဲ့ဒီမော်ဒယ်တွေကို သုံးစွဲမှု ရပ်တန့်ဖို့ဖောက်သည်တွေကို အကြောင်းကြားခဲ့သလို ပြဿနာရှိတဲ့ လက်ပ်တော့တွေအတွက်လည်း Support page တစ်ခု ထောင်ခဲ့ပါတယ်။

Photo: Fiipboard

Apple ရဲ့ ထုတ်ပြန်ချက် ထွက်လာပြီးနောက် ဖက်ထရယ်လေကြောင်း အုပ်ချုပ်ရေးအဖွဲ့FAA ဟာ အမေရိကန်ရဲ့ ထိပ်တန်း လေကြောင်းလိုင်းတွေဆီ MacBook Pro ဈေးကွက်က ပြန်သိမ်းတဲ့ သတင်းကို အသိပေးခဲ့ပြီး ဘက်ထရီလဲထားတဲ့ မော်ဒယ်တွေပဲ သယ်ခွင့်ပေးဖို့ညွှန်ကြားခဲ့ပါတယ်။

Apple ဟာ ဘက်ထရီပြဿနာရှိထားတဲ့ ၁၅ လက်မမော်ဒယ် MacBook Pro အတွက် ဘက်ထရီအခမဲ့ လဲပေးမယ်လို့ကြေညာထားပါတယ်။


က္က