ဒေါင်းလုပ်ဆွဲမှူ သန်း ၁၀၀ ကျော်ရှိတဲ့ app ပါ
Nyein Min Wai

Facebook ဟာ ဟောင်ကောင်နဲ့စင်္ကာပူက app developer နှစ်ဦးကို ကြော်ငြာလိမ်လည်မှူနဲ့တရားစွဲထားပါတယ်။


app developers နှစ်ဦး ဖြစ်တဲ့ LionMobi နဲ့JediMobi တို့ဟာ malware သွင်းထားတဲ့ Google Play apps တွေ ရေးဆွဲခဲ့တာပါ။ ဒီ app ဟာ သုံးစွဲသူတစ်ယောက် ဝင်ပြီး click မလုပ်ဘဲ Facebook ads တွေကို fake clickလုပ်နေသလားဆိုပြီး ကြည့်လို့ရမယ်ဆိုတဲ့ ပုံစံနဲ့ထုတ်ထားတာလည်း ဖြစ်ပါတယ်။

Photo: TheTechHacker


The Verge သတင်းရဲ့ အဆိုအရ LionMobi ဟာ သူ့ရဲ့ apps တွေကို Facebook ပေါ်မှာ ကြော်ငြာခဲ့တာကြောင့် Facebookရဲ့ မူဝါဒကို ချိုးဖောက်ရာ ရောက်ခဲ့တယ်လို့ဆိုပါတယ်။ တရားစွဲဆိုမှူအရ LionMobi ဟာ Power Clean - Antivirus and Phone Cleaner app ဆိုတဲ့ app ကို ဖန်တီးထားပြီး JediMobi ကတော့ အန်းဒရိုက်သုံးသူတွေအတွက် Calculator Plus နာမည်နဲ့app တွက်ချက်ရေး သင်္ချာ app တစ်ခု ရေးဆွဲထားပါတယ်။

Power Clean app ဟာ ဒေါင်းလုပ်ဆွဲသူ သန်း ၁၀၀ ကျော် ရှိပြီး Calculator app ကို Play Store ပေါ်မှာ ဒေါင်းလုပ်ဆွဲမှူပေါင်း ၅ သန်း ကျော် ရှိထားပါတ်ယ။ Facebook ဟာ ကြော်ငြာရှင်တွေအတွက်ကုမ္ဗဏီကနေ ထုတ်ထားတာ မဟုတ်တဲ့ ဝက်ဘ်ဆိုက်နဲ့apps တွေပေါ်က လူတွေကို ကြော်ငြာတွေ ပြပေးမယ့် Audience Network ဆိုတဲ့ ထုတ်ကုန်တစ်ခု ထုတ်ထားပါတယ်။


Photo: techpoket


ဒီတရားစွဲမှူဟာ Facebook အနေနဲ့ကုမ္ဗဏီရဲ့ လုပ်ထုံးကို ကျော်ပြီး ပထမဆုံးအကြိမ် စွဲဆိုတဲ့ တရားစွဲဆိုမှူလည်း ဖြစ်ပါတယ်။ Google အနေနဲ့Play Store တွေပေါ်မှာ Click Injection ပုံစံသုံးပြီး apps တွေ တင်တဲ့ developers တွေကို အရေးယူမှူတိုးမြင့်ထားတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ Google ဟာ ကြော်ငြာလိမ်လည်မှူ လုပ်ဖို့အသုံးပြုတဲ့ app ပေါင်း ၃၀ ကျော်ကို ဖယ်ရှားခဲ့ပါတယ်။ Facebook ကတော့ ၂၀၁၉ မတ်လထဲမှာ ကုမ္ဗဏီရဲ့ ads networkထဲကနေ developers တွေကို ပိတ်ပင်ခဲ့ပြီး ကြော်ငြာလိမ်လည်မှူ Clickl Injection နဲ့ကြုံတဲ့ ကြော်ငြာရှင်တွေကို ငွေပြန်ပေးခဲ့ပါတယ်။


က္က