page ၁၀၀ ကျော်လည်း ဖယ်ရှားခံခဲ့ရပါတယ်
Nyein Min Wai

မရိုးဖြောင့်တဲ့လုပ်ရပ်တွေ စုပေါင်းလုပ်နေတယ်ဆိုတဲ့ ပြည်တွင်းက Facebook အကောင့် ၊ Pages ၊ Groups နဲ့Instagram အကောင့်တွေကို ဖယ်ရှားခဲ့ပါတယ်။

သြဂုတ်လ ၂၁ ရက်နေ့က Facebook ရဲ့ NewsRoom ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံအတွင်းမှာ မရိုုးသားတဲ့ အပြုအမူတွေ စုပေါင်း လုပ်ဆောင်မှုနဲ့ဆက်စပ်နေတဲ့ Facebook အကောင့် ၈၉ ခု ၊ Page ၁၀၇ ခု ၊ Facebook Groups ၁၅ ခု နဲ့Instagram အကောင့် ၅ ခုကို ဖယ်ရှားလိုက်တယ်လို့ဖော်ပြထားပါတယ်။ အခုဖယ်ရှားလိုက်တဲ့ အကောင့် ၊ Group နဲ့Page တွေရဲ့ နောက်ကွယ်မှာ ရှိနေတဲ့သူတွေဟာ အကောင့်တုတွေ အသုံးပြုပြီး content တွေကို လူစိတ်ဝင်စားအောင် လုပ်ဆောင်ကြတယ်လို့ဆိုပါတယ်။

Photo: foreignpolicy

Facebook ဟာ ဒီအကောင့်တုတွေထဲက တစ်ချို့ကို အလိုအလျောက် Automated Systems တွေနဲ့ပိတ်ထားပြီး ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ အခုလို ဖယ်ရှားခံရသူတွေဟာ တရားဝင်သတင်းနဲ့အနုပညာဖျော်ဖြေရေး အကြောင်းအရာတွေကို မကြာခဏဆိုသလို တစ်ဆင့်ခံ ကူးယူဖော်ပြီး မူခင်းသတင်း ၊ တိုင်းရင်းသားရေးရာ ၊ ဆယ်လ်လီပုဂ္ဂိုလ်တွေနဲ့စစ်တပ်အပါအဝင် ပြည်တွင်းနဲ့ဒေသတွင်းသတင်းတွေ တင်ကြတယ်လို့ဆိုပါတယ်။

ယခုလှုပ်ရှားမှုတွေနောက်ကွယ်မှာ ရှိနေသူတွေဟာ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖုံးကွယ်ဖို့ကြိုးစားထားပေမယ့် Facebook ရဲ့ စုံစမ်းမှုများအရ ဒီထဲက လှုပ်ရှားမှုတစ်ချို့ဟာ မြန်မာစစ်တပ်နဲ့ပတ်သက်မှု ရှိနေသူတွေနဲ့ဆက်စပ်နေတယ်လို့ဆိုပါတယ်။ ယခု ဖယ်ရှားခံရသူတွေဟာ Facebook နဲ့Instagrm မှာ ကြော်ငြာ ads အတွက် ဒေါ်လာ ၁၂၀၀ အောက် သုံးစွဲခဲ့ပြီး ငွေပေးချေမှုကိုတော့ ကန်ဒေါ်လာနဲ့ရုရှားရူဘယ်လ်များ သုံးပြီး ပေးချေခဲ့တာ ဖြစ်ပါတယ်။

ဖယ်ရှားခံလိုက်ရတဲ့ page တွေထဲမှာ နမူနာ page တွေအနေနဲ့Myanmar Media Watch ၊ မြန်မာ မွတ်စလင်သတင်း ၊ သတင်းရပ်ဝန်း ၊ တိုင်းရင်းသားဒေသသတင်းများ ၊ တအာင်းသတင်းများစုစည်းမှု တို့ကို Facebook ရဲ့ သတင်းခန်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

Facebook ကနေ ဖယ်ရှားလိုက်တဲ့အထဲမှာ page တစ်ခု (သို့မဟုတ်) တစ်ခုထက် ပိုတဲ့ page တွေဟာ follower ၉ သိန်းခန့်ရှိထားပြီး အခု Group တွေထဲက အနည်းဆုံး တစ်ခုခုမှာ အဖွဲ့ဝင်အဖြစ် ပါဝင်သူ ၆၇၀၀၀ ခန့်ရှိနေသလို ဒီထဲက လူ ၄၀၀ ခန့်ဟာ အခု ဖယ်ရှားထဲက Instagram အကောင့်တစ်ခုနဲ့အထက် follow လုပ်ထားတယ်လို့Facebook က ထုတ်ပြန်ပါတယ်။

Photo: Facebook newsroom

ယခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ အကြမ်းဖက်မှုများအပါအဝင် ပြည်တွင်းအခြေအနေကို တင်းမာစေတာကြောင့် ရက္ခိုင့်တပ်မတော် (AA) ၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကို Facebook မှ ပိတ်သိမ်းကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

Facebook ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလယ်ကလည်း မြန်မာစစ်တပ်နဲ့ဆက်စပ်မှုရှိတဲ့ page ပေါင်း ၄၂၅ ခု ၊ အကောင့် ၁၃၅ ခု ၊ Group ၁၇ ခုနဲ့Instagram အကောင့် ၁၅ ခုတို့ကို ဖယ်ရှားခဲ့ပါတယ်။


က္က