နောက်လတွေမှာ စောင့်ကြည့်ရတော့မယ့် feature ပါ
Nyein Min Wai

Facebook Dating services သုံးသူတွေ အတွက် ရုပ်သံခေါ်ဆိုရေး feature သစ် တစ်မျိုးကို မိတ်ဆက်ဖို့ စီစဉ်နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်းမှာ Facebook ဟာ အွန်လိုင်းပေါ်က လူ့အဖွဲ့အစည်းတစ်ခုအဖြစ် အသွင်ပြောင်းနိုင်မယ့် features သစ်တွေ ဆက်တိုက် မိတ်ဆက်လာနေပါတယ်။ ဒီထဲမှာ ချစ်သူစုံတွဲတွေအတွက် ထုတ်ထားတဲ့ Facebook Dating Service သုံးသူတွေအတွက်လည်း virtual dates လုပ်နိုင်မယ့် feature တစ်ခု ထုတ်လုပ်သွားမယ်လို့ ဧပြီလ ၂၇ ရက်နေ့က Facebook ရဲ့ ကြေညာချက်မှာ ဆိုပါတယ်။

Photo: Facebook NewsRoom


''လူချင်း တွေ့ဖို့ မဖြစ်နိုင်ချိန်မှာလည်း အဓိပ္ပါယ်ရှိတဲ့ Relationship တစ်ခုဖြစ်အောင် ကူညီပေးဖို့ Facebook Dating ထဲမှာ Virtual Date တစ်ခု လုပ်ပြီး ဖိတ်ခေါ်နိုင်မယ့် option တစ်ခု ထပ်ထည့်နေပါတယ်။'' လို့ Facebook က ထုတ်ပြန်ပါတယ်။ Virtual date အတွက် တစ်ဖက်က လက်ခံတာနဲ့ Messenger မှာ Video Chat လုပ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ရုပ်သံစကားပြောဆိုနိုင်မှာပါ။

Facebook Dating Services ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပြီး Secret Crush lists လိုမျိုး features သစ်တွေနဲ့ အဆင့်မြှင့်တင်ထားပါတယ်။ Dating Services ဝန်ဆောင်မှုကို အာဂျင်တီးနား ၊ ဘိုလီဗီးယား ၊ ဘရာဇီး ၊ ကနေဒါ ၊ ချီလီ ၊ ကိုလံဘီယာ ၊ အီကွေဒေါ ၊ ဂူယာနာ ၊ လာအို ၊ မလေးရှား ၊ မက္ကဆီကို ၊ ပါရာဂွေး ၊ ပီရူး ၊ ဖိလစ်ပိုင် ၊ စင်္ကာပူ ၊ ဆာရီနိမ်း ၊ ထိုင်း ၊ ဥရုဂွေး ၊ ဗီယက်နမ် နဲ့ အမေရိကန် စတဲ့ နိုင်ငံ ၂၀ မှာ မိတ်ဆက်ထားပါတယ်။

Photo: wersm

COVID-19 အတွင်း လူအချင်းချင်း ခပ်ဝေးဝေး နေရတဲ့ Social Distancing နဲ့ အိမ်တွင်းမှာပဲ နေဖို့ ကန့်သတ်ထားတာတွေကြောင့် အွန်လိုင်းရုပ်သံတွေ့ဆုံရေး ဝန်ဆောင်မှုဟာ တဟုန်းထိုး ခေတ်စားလာနေပါတယ်။ Facebook Virtual Date feature ဟာ ရေးဆွဲနေဆဲ အဆင့်မှာ ရှိသေးပြီး လုံခြုံရေးကြောင့် အသေးစိတ်အချက်အလက်တွေကို မျှဝေဖို့ ကုမ္ပဏီဘက်က ငြင်းဆန်ထားပါတယ်။

Facebook ဟာ မကြာသေးမီကပဲ စုံတွဲတွေအကြား private message ပေးပို့နိုင်မယ့် Tuned app သစ်ကို မိတ်ဆက်ထားပါတယ်။ Facebook ရဲ့ Virtual Date feature သစ်ကတော့ အပြင်မှာ လူချင်းချိတ်ပေးတဲ့ အွန်လိုင်း Dating app ဝန်ဆောင်မှုတွေအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က