Business page နဲ့ page တွေကို တစ်နေရာတည်းကနေ စီမံနိုင်မှာပါ

Facebook ဟာ လုပ်ငန်းငယ်တွေရဲ့ page နဲ့ profiles တွေဆီလာတဲ့ မက်ဆေ့ချ်တွေကို စီမံနိုင်မယ့် app သစ်တစ်ခုကို ဖြန့်ချိလိုက်ပါတယ်။

Facebook ၊ Messenger နဲ့ Instagram app သုံးခုက လာတဲ့ မက်ဆေ့ချ်တွေကို အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ တစ်ပေါင်းတည်းသိနိုင်မယ့် app တစ်ခု ဖြန့်ချိထားကြောင်း ကြာသာပတေးနေ့မှာ Facebook COO ရှားလ်ဆန်းဘာ့ဂ်က ကြေညာပါတယ်။ ဒီ app ကို Facebook Business Suite လို့ ခေါ်ပြီး ဒီ app သုံးခုရဲ့ နောက်ကွယ်က Infrastructure ကို ပေါင်းစည်းသွားမှာပါ။




Photo: B9

ဒီနည်းအားဖြင့် လုပ်ငန်းငယ်ပိုင်ရှင်တွေဟာ ဖော်ကသည်တွေဆီက မက်ချေ့်နဲ့ Noti တွေကို စာအဝင်လက်ခံ တစ်နေရာတည်းကနေ ရယူနိုင်မှာ ဖြစ်ပါတယ်။ The Verge သတင်းကို အတည်ပြုချက်အရ ကုမ္ပဏီအနေနဲ့ နောက်ပိုင်းမှာာ WhatsApp ကိုပါ ထည့်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

လောလောဆယ် ဒီ app ကနေ လုပ်ငန်းငယ်တွေရဲ့ ပို့စ်တွေကို Facebook နဲ့ Instagram တို့ပေါ် တစ်ချိန်တည်း တင်နိုင်မှာ ဖြစ်သလို ဒီပလက်ဖောင်းတွေပေါ်က ad campaigns တွေရဲ့ အခြေအနေကိုပါ ကြည့်နိုင်မှာပါ။ ပလက်ဖောင်းအစုံကို တစ်နေရာတည်းကနေတင်နိုင်မယ့် လုပ်ဆောင်ချက်အများစုကို Facebook Page နဲ့ ချိတ်ဆက်ထားတဲ့ Instagram ပေါ်က Business Accounts Admin တွေ သုံးနိုင်ပြီလို့ ဆိုပါတယ်။

Photo: searchenginejournal

Facebook ဟာ ကုမ္ပဏီပိုင် စာပို့ app တွေ ဖြစ်တဲ့ WhatsApp ၊ Instagram နဲ့ Messenger တို့ရဲ့ စာပို့စနစ်ကို Cross-app ဆက်သွယ်မှုပုံစံ ပေါင်းစည်းသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်နေပါတယ်။ Axios သတင်းအရ Facebook ဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး စီးပွားရေးလုပ်ငန်းသုံး တစ်ခုတည်းသော စာပို့စနစ်ကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ Instagram နဲ့ Facebook Messenger chat တို့ကို ချိတ်ဆက်ပေါင်းစည်းခဲ့ပါတယ်။ ဒီတစ်ခါ လုပ်ငန်းငယ် page တွေအတွက် သီးသန့်ထုတ်လိုက်တာကတော့ တရားဝင်ကြေညာချက်အနေနဲ့ ထွက်လာတာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က