loading...

loading...

loading...

Streaming ဝန်ဆောင်မှုသစ်တွေနဲ့ ပိုပြီး မြိုင်လာတော့မှာပါ
Nyein Min Wai

ကမ္ဘာ့အကြီးဆုံး streaming service ဖြစ်တဲ့ Netflix ဟာ ပြိုင်ဘက်သစ်တွေကြောင့် subscriber အရေအတွက် ကျဆင်းဖို့ရှိတယ်လို့ ဈေးကွက်သုတေသီတစ်ချို့ က ခန့်မှန်းထားပါတယ်။

Netflix အနေနဲ့ subscriber ကြေး ချမပေးဘူးဆိုရင် လာမယ့် ၂၀၂၀ မှာ ဒီဝန်ဆောင်မှုကို စာရင်းပေးသွင်းထားသူတွေထဲက သုံးစွဲသူ ၁၀ သန်း ဆုံးရှုံးရဖို့ရှိတယ်လို့ Needham ရင်းနှီးမြှပ်နှံမှုဘဏ်က ထုတ်ပြန်ပါတယ်။ လက်ရှိမှာ Netflix ဟာ ကမ္ဘာအရပ်ရပ်မှာ subscriber ပေါင်း ၁၅၈ သန်းကျော် ရှိထားပြီး ပျမ်းမျှ တစ်လကို ၁၃ ဒေါ်လာနှုန်း သတ်မှတ်ထားတာပါ။

Photo: CNBC


Needham ရဲ့ စီမံခန့်ခွဲရေးဆိုင်ရာ ညွန်ကြားရေးမှူး လော်ရာမာတင်ကတော့ Netflix အနေနဲ့ ပြိုင်ဘက် streaming ဝန်ဆောင်မှုတွေအကြား ရပ်တည်နိုင်ဖို့ ဈေးနှုန်း ပိုသက်သာတဲ့ လမ်းကို ရွေးရမယ်လို့ ခန့်မှန်းပါတယ်။

" Netflix သတ်မှတ်ထားတဲ့ နှုန်းထားက အတော်ကြီးကို မြင့်နေပါတယ်။ တကယ်လို့ ဒီကုမ္ပဏီအနေနဲ့ ဝန်ဆောင်မှုကို သူ့ရဲ့ တစ်လ ၁၃ ဒေါ်လာနှုန်းကနေ လျှော့မပေးဘူးဆိုရင် လာမယ့် ၂၀၂၀ ပြည့်နှစ်အတွင်းမှာ အမေရိကန် Subscriber ၁၀ သန်း ဆုံးရှုံးဖို့ ရှိပါတယ်။" လို့ မာတင်က ဆိုပါတယ်။ မာတင်ရဲ့ အဆိုအရ Netflix ဟာ လက်ရှိ subscription ကြေးတစ်ဝက်ကို ကာမိဖို့ ကြော်ြငာကြေးတွေ လိုလိမ့်မယ်လို့လည်း ဆိုပါတယ်။

ကမ္ဘာကျော် ရုပ်သံကုမ္ပဏီကြီး ဖြစ်တဲ့ Walt Disney ဟာ နိုဝင်ဘာ ၁၂ ရက်နေ့က ကြော်ငြာမပါတဲ့ Disney Plus streaming ဝန်ဆောင်မှုကို မိတ်ဆက်ထားပါတယ်။ Disney ၊ Marvel ၊ Star Wars ၊ Pixar ၊ National Geographic နဲ့ 20th Century Fox ရုပ်ရှင်ထုတ်လုပ်ရေးတွေက ဇာတ်လမ်းကောင်းတွေ အများအပြား ပိုင်ဆိုင်ထားတဲ့ Disney ဟာ Netflix ရဲ့ အကြီးဆုံး ပြိုင်ဘက် ဖြစ်လာမယ်လို့လည်း ထင်ကြေးပေးခံထားရပါတယ်။

Disney Plus ဟာ တစ်လကို ၆.၉၉ ဒေါ်လာ ၊ တစ်နှစ် ၆၉.၉၉ ဒေါ်လာကြေး သတ်မှတ်ထားပြီး အခမဲ့ စမ်းသုံးခွင့် တစ်ပတ်ပေးထားပါတယ်။ Disney Plus လိုပဲ Apple ဟာ နိုဝင်ဘာ ၁ ရက်နေ့မှာ Apple TV Plus ဝန်ဆောင်မှုကို စတင်မိတ်ဆက်ခဲ့ပါတယ်။ တစ်လ ၄.၉၉ ဒေါ်လာနှုန်း ကျသင့်မယ့် Apple TV Plus ဟာ နိုင်ငံပေါင်း ၁၀၀ မှာ အသုံးပြုနိုင်ပြီး iPhone ၊ iPad ၊ Apple TV ၊ Mac ၊ Roku ထုတ်ကုန်တွေနဲ့ Amazon Fire TV တွေပေါ်ကနေ ကြည့်ရှုနိုင်မယ်လို့ ကြေညာထားပါတယ်။

Photo: Global News


Morgan Stanley ဘဏ်ကတော့ Apple TV Plus ဝန်ဆောင်မှုဟာ လာမယ့် ၂၀၂၅ ခုနှစ်မှာ သုံးစွဲသူ ၁၃၆ သန်းအထိ ရှိလာပြီး ဒေါ်လာ ၉ ဘီလျံတန် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။ Netflix ရဲ့ ပြိုင်ဘက်သစ်တွေထဲမှာ WarnerMedia ရဲ့ HBO Max နဲ့ Comcast ရဲ့ Peacock တို့လည်း ပါလာတော့မှာပါ။

HBO Max ဟာ HBO streaming တစ်မျိုး ဖြစ်တဲ့ HBO Now လိုပဲ လစဉ်ကြေး ၁၄.၉၉ ဒေါ်လာကောက်ခံမယ့် ဝန်ဆောင်မှုဖြစ်ပြီး HBO Now ကို subscribe လုပ်ထားသူတွေနဲ့ AT&T ကနေ ပုံမှန် package သွင်းနေသူတွေဟာ ဒီဝန်ဆောင်မှုကို အခပေးစရာမလိုဘဲ တိုက်ရိုက် စာရင်းသွင်းနိုင်မယ်လို့ ဆိုပါတယ်။ HBO Max ကတော့ လာမယ့် ၂၀၂၀ မေလထဲမှာ မြင်ရမှာပါ.


loading...

က္က