tagline က သတိထားစရာ ဖြစ်ခဲ့ပါတယ်

Xiaomi Mi 10 Pro ဖုန်းဗူးပေါ်က ထူးခြားတဲ့ စာတစ်‌ကြောင်းကြောင့် Huawei ရဲ့ အားနည်းချက်ကို ထိုးနှက်လိုက်တယ်လို့ ပြောနေကြသူတွေ ရှိပါတယ်။

ဒီတစ်ပတ်ထဲမှာ နိုင်ငံတကာ ဈေးကွက်ထဲ ဖြန့်ချိသွားမယ့် Xiaomi Mi 10 Pro ဖုန်းတွေဟာ testing unit အနေနဲ့ reviewer တစ်ချို့ရဲ့ လက်ထဲ ရောက်ရှိထားပါတယ်။ 5G ဖုန်းတစ်လုံးအနေနဲ့ရော 108MP နဲ့ ခမ်းနားတဲ့ လေးလုံးတွဲကင်မရာစနစ်အရပါ စိတ်ဝင်စားစရာဖြစ်ခဲ့တဲ့ Xiaiomi Mi 10 Pro ဟာ ဖုန်းဗူးပေါ်က tagline တစ်ခုကြောင့် ပိုပြီး သတိထားစရာ ဖြစ်သွားခဲ့ပါတယ်။



Photo: Abacus

Xiaomi Mi 10 Pro ကို Unboxing လုပ်တဲ့ GadgetMatch YouTube မှာ ဖုန်းဗူးဘေးမှာ "သင်အသုံးအများဆုံး Google apps များကို အလွယ်တကူ ရယူနိုင်မှုနဲ့အတူ" လို့ ရေးထားပါတယ်။ ဒီစာကို တွေ့တဲ့သူတစ်ချို့ကတော့ Xaiomi ဟာ Google services အပိတ်ခံထားရတဲ့ ပြိုင်ဘက်စမတ်ဖုန်းကုမ္ပဏီ Huawei ကို တွယ်လိုက်တာလို့ ယူဆကြပါတယ်။

Huawei ဟာ အမေရိကန်အစိုးရရဲ့ ကန့်သတ်ပိတ်ပင်မှုကြောင့်ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး ဖုန်းသစ်တွေမှာ Google apps တွေ ဖြစ်တဲ့ YouTube နဲ့ Google Maps စတဲ့ ဝန်ဆောင်မှုတွေ ထည့်သွင်းခွင့် မရခဲ့ပါဘူး။ Google ဝန်ဆောင်မှုတွေ မပါတော့တာကြောင့် Huawei ဖုန်းသစ်ရောင်းအားဟာ နှေးကွေးလာခဲ့ပါတယ်။


Photo: xda-developers

Huawei နဲ့ ပြိုင်ဘက်တရုတ်စမတ်ဖုန်းကုမ္ပဏီကြီးတွေ Xiaomi နဲ့ OPPO တို့ကတော့ Google Mobile Services ပါဝင်တဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချနေတာပါ။ Xiaomi ကတော့ Mi 10 Pro ဗူးဘေးမှာ ပါတဲ့ စာဟာ Huawei ကို ထိုးနှက်ဖို့ မဟုတ်ဘဲ Google ဘက်က အခုလို စာထည့်ပေးဖို့ တရားဝင် ညွှန်ကြားချက်ကြောင့်လို့ Weibo မှာ ပြန်ရှင်းထားပါတယ်။

ဒီစာတမ်းဟာ အန်းဒရိုက်ဖုန်းတွေ စဖွင့်ချိန်မှာ တက်လာတဲ့ Boot screen ပေါ်က Powered By Android စာသားလိုမျိုး ကြော်ငြာစာသားဖြစ်တယ်လို့လည်း Xiaomi က ပြောပါတယ်။ နောက်တစ်ချက်က Xiaomi ဟာ အခု သဘောတူညီချက်သစ်အောက်မှာ ထုတ်ကုန်သစ်ကို အရင်ဆုံး မိတ်ဆက်လိုက်တဲ့ ဖုန်းကုမ္ပဏီလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က