Mini-LED ထုတ်ကုန် ၆ မျိုး ထုတ်သွားဖို့ ရှိပါတယ်

Apple ဟာ Mini-LED display သုံး ထုတ်ကုန် ၆ မျိုး ထုတ်လုပ်နေတယ်လို့ သတင်းထွက်နေပါတယ်။

TF Securities မှ ဈေးကွက်သုတေသနပညာရှင် မင်ချိကုအိုမှ ရင်းနှီးမြှပ်နှံသူတွေကို ပေးပို့တဲ့ မှတ်စုထဲမှာ Apple ဟာ screen size သစ်နဲ့ MacBook Pro တစ်မျိုး ထုတ်လုပ်နေတယ်လို့ သတင်းထွက်ထားပါတယ်။ Apple ဟာ ၁၂.၉ လက်မ iPad Pro ၊ ၂၇ လက်မ iMac Pro ၊ ၁၄.၁ လက်မ MacBook Pro ၊ ၁၆ လက်မ MacBook Pro ၊ ၁၀.၂ လက်မ iPad နဲ့ ၇.၉ လက်မ iPad Mini တို့ကို ထုတ်လုပ်နေတယ်လို့ MacRumors က ဖော်ပြထားပါတယ်။



Photo: SmartHouse

ဒီထုတ်ကုန်အားလုံးဟာ Mini-LED display နဲ့ လာပြီး ဒီနှစ်ထဲမှာ ထွက်ရှိဖို့ ရှိတယ်လို့ မင်ချိကုအိုက ခန့်မှန်းထားပါတယ်။ ဒီနှစ်ထဲမှာ ၁၃ .၃ လက်မ MacBook Pro အစား ၁၄.၁ လက်မ မော်ဒယ်သစ် ပြောင်းထုတ်လာမှာ ဖြစ်ပြီး Mini-LED screen ကြောင့် အလင်းအမှောင် ကာလာအချိုးအစားနဲ့ ဓါတ်ပုံအရည်အသွေးတွေလည်း ပိုကောင်းလာမယ်လို့ ဆိုပါတယ်။

Mini-LED ဟာ backlighting အတွက် အလွန်သေးငယ်လှတဲ့ LED များ သုံးပြီး မတူညီတဲ့ lighting zones တစ်ထောင်ကျော် နဲ့ ထောက်ပံ့ထားတာ ဖြစ်လို့ အလင်းအမှောင် ကာလာ tone တွေ ပိုမိုပြတ်သားထင်ရှားတဲ့ ခံစားမှု ပေးနိုင်မှာပါ။ ဒီနည်းပညာဟာ OLED display ထက် ပိုကောင်းသလို ဈေးလည်း သက်သာပြီး OLED panel တွေမှာ ကြုံရတဲ့ screen ပေါ် အကွက်ထ ကျန်ခဲ့တဲ့ပြဿနာလည်း မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

Apple ထုတ်ကုန်သစ်တွေကို ဒီနှစ်ထဲမှာ မိတ်ဆက်သွားဖို့ ရှိပြီး iMac Pro သစ်ကို ၂၀၂၀ စတုတ္ထသုံးလပတ်မှာ မိတ်ဆက်သွားဖို့ ရှိတယ်လို့ မင်ချိကုအိုက ခန့်မှန်းပါတယ်။ Apple ဟာ လာမယ့်နှစ်အနည်းငယ်အတွင်း mini-LED ပစ္စည်းအစိတ်အပိုင်း ဝယ်ယူဖို့ ငွေကြေး အမြောက်အများ သုံးသွားဖို့လည်း ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က