prototype အနေနဲ့မိတ်ဆက်ထားတာပါ

Tesla ရဲ့ အားသွင်းစနစ်ထက် ထက် ၃ ဆ ပိုမြန်တဲ့ EV charger တစ်မျိုးကို Porsche နဲ့BMW တို့မှ ပညာရှင်များ ပါဝင်တဲ့ သုတေသနအဖွဲ့တစ်ခုက ထုတ်ဖော်ပြသခဲ့ပါတယ်။

Photo: The Verge



         ဒီလျှပ်စစ်ကားအားသွင်းစက်ကို FastCharge သုတေသနအဖွဲ့ကနေ တည်ဆောက်ပေးတာ ဖြစ်ပြီး၃ မိနစ်အားသွင်းတာနဲ့ကီလို ၁၀၀ ဝန်းကျင် (၆၂ မိုင်) အထိ တောက်လျှောက်မောင်းနှင်နိုင်မယ်လို့ဆိုပါတယ်။ BMW i3 ကားတွေမှာတော့ ၁၅ မိနစ် အားသွင်းထားတာနဲ့အား ၁၀% ကနေ ၈၀% ထိ အားသွင်းနိုင်မယ့် နည်းပညာလည်း ဖြစ်ပါတယ်။

         ယခုနည်းပညာဟာ Tesla ရဲ့ Supercharger တွေမှာ သုံးထားတဲ့ အားသွင်းနှုန်းထက် ၃ ဆ ပိုမြန်တဲ့ နည်းပညာပါ။ Tesla ထုတ် Supercharger တွေရဲ့ လက်ရှိ အမြန်ဆုံး အားသွင်းနိုင်တဲ့ နှုန်းက 145 KW ဖြစ်ပြီး နောက်နှစ်မှာ Tesla အနေနဲ့Supercharger တွေကို 250 KW ထိ တက်လာဖို့စီစဉ်ထားပါတယ်။ ဂျာမဏီမှာ မိတ်ဆက်ပြသခဲ့တဲ့ Porsche နဲ့BMW တို့ရဲ့ charging station ကတော့ ကီလိုဝပ် ၄၀၀ နဲ့အထက်ထိ သုံးထားတာပါ။

         ဒီနည်းပညာအတွက် ဂျာမန်မှ Siemens လုပ်ငန်းစု နဲ့ကားကုမ္ပဏီတွေ ဖြစ်တဲ့ BMW နဲ့Porsche တို့ပါဝင်တဲ့ အဖွဲ့ဟာ ၂၀၁၆ ဇူလိုင်လထဲမှာ FastCharge သုတေသန စီမံကိန်းကို စတင် အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ FastCharge ရဲ့ နောက်ဆုံးပေါ် အမြန်အားသွင်းရုံ prototype ဟာ ကီလိုဝပ် ၄၅၀ အထိ ထွက်ပြီး လက်ရှိ အသုံးပြုနေတဲ့ DC အမြန်အားသွင်းရုံတွေထက် အနည်းဆုံး ၃ ဆကနေ အများဆုံး ၉ ဆအထိ အားဝင်တဲ့ နည်းပညာလို့ကြေငြာထားပါတယ်။

Photo: newatlas

         ယခုနှစ် ဧပြီလထဲမှာ ဆွစ်ဇာလန်မှ ABB Group ဟာ 350 KW ထွက်တဲ့ လျှပ်စစ်ကား အားသွင်းရုံကို မိတ်ဆက်ခဲ့ပါတယ်။ ဒီ EV charger တွေမှာ ၈ မိနစ် အားသွင်းထားတဲ့ လျှပ်စစ်ကားတွေဟာ မိုင်ပေါင်း ၁၂၀ အထိ သွားနိုင်မယ်လို့ဆိုပါတယ်။

      


ဆက်စပ်အကြောင်းအရာများ



က္က