မီးခဏပြန်လာတဲ့ အချိန်အတွင်း ငါးမိနစ် အားသွင်းရုံနဲ့ နှစ်နာရီ ဖုန်းပြောနိုင်မှာပဲ ဖြစ်ပါတယ်။

အလင်းမှိန်မှိန် ပုံရိပ်ထင်ထင်နဲ့ မကြာသေးမီကမှ OPPO က မြန်မာနိုင်ငံမှာ မိတ်ဆက်ပေးထားတဲ့ OPPO F11 စမတ်ဖုန်းဟာ တီထွင်ဆန်းသစ်တဲ့ နည်းပညာများနဲ့ ဖန်တီးထားတဲ့ ဖုန်းတစ်လုံးလိုု့ ပြောလို့ရပါတယ်။

OPPO F11 မှာ Media Tek ရဲ့ Helio P70 Chipset သုံးထားတဲ့အတွက် မြန်ဆန်တဲ့ စွမ်းဆောင်ရည်ကို ထောက်ပံ့ပေးတဲ့အပြင် Helio P70 ရဲ့ NPU (Neutral Processing Unit) နဲ့ဆိုတော့ Voice Assistants, Face Unlock တို့ အပါအဝင် AI Processing မှာ ၁၀% နဲ့ ၂၀% ကြားပိုမို ထိရောက်စေပါတယ်။ အဲ့ဒါအပြင် Portrait Mode, Scene Recognition နဲ့ Face Optimization တိုု့လို ကင်မရာဆိုင်ရာ စွမ်းဆောင်ရည်ကိုပါ ပိုကောင်းစေပါတယ်။

Helio P70 ဟာ ပိုမြန်တဲ့ GPU ၊ ARM cores နဲ့ multi-threaded optimization တို့ ပါဝင်တဲ့အတွက် မိုဘိုင်းလ် ဂိမ်း အတွေ့အကြုံကို သိသိသာသာ မြှင့်တင်ပေးပါတယ်။ ပိုမိုမြန်ဆန်တဲ့ မျက်နှာပြင်နဲ့ touch control တုန့်ပြန်မှု တို့က ညက်ညောင်းတဲ့ ဂိမ်းကစားခြင်း အတွေ့အကြုံ ဖြစ်ပေါ်စေဖို့ အများကြီး အထောက်အပံ့ ပေးစေတာပဲဖြစ်ပါတယ်။ Helio P70 ကို အသုံးပြုထားလိုု့ F11 ဖုုန်းနဲ့ PUBG တို့လို နာမည်ကြီး မိုဘိုင်းဂိမ်းတွေ ကစားတဲ့ အခါမှာ ညက်ညောပြီး မြန်ဆန်တဲ့ ဂိမ်းကစားမှု အတွေ့အကြုံ ကို ပေးစွမ်းနိုင်မှာပါ။

4020 mAh ရှိ ကြီးမားတဲ့ ဘက်ထရီ ပါဝင်တဲ့ OPPO F11 စမတ်ဖုန်းမှာ VOOC 3.0 အမြန်အားသွင်းစနစ်လည်း ပါဝင်ပါတယ်။ အခုလို မီးမကြာခဏ ပျက်တဲ့ နွေအချိန်မှာ VOOC 3.0 ပါတဲ့ F11 စမတ်ဖုန်းနဲ့ဆို စိုးရိမ်စရာမလိုတော့ပါဘူး။ မီးခဏပြန်လာတဲ့ အချိန်အတွင်း ငါးမိနစ် အားသွင်းရုံနဲ့ နှစ်နာရီ ဖုန်းပြောနိုင်မှာပဲ ဖြစ်ပါတယ်။ အဲ့ဒါအပြင် ဖုန်းတွင်း chipset 2ခု၊ အားသွင်းကြိုးထိပ်မှာ chipset 1ခု၊ Adaptor အတွင်း 2ခု စုစုပေါင်း chipset 5ခုဖြင့်  အားသွင်းရာတွင် လုံခြုံမှုရှိစေရန် ကာကွယ်ပေးထားပါတယ်။

Adpator မှာ ရှိတဲ့ chipset 2 ခုက ဗို့အားစမ်းသပ် ထိန်းချုပ်ပေးခြင်း၊ အမြန်အားသွင်းစနစ် အသုံးမပြုမီ လုံခြုံစိတ်ချရမှု စစ်ဆေးခြင်းတို့ကို လုပ်ဆောင်ပေးပါတယ်။ အားသွင်းကြိုးထိပ်မှာရှိတဲ့ chipset ဟာလဲ အားသွင်းရန် လုံခြုံစိတ်ချမှု ရှိမရှိ ဒုတိယအကြိမ် ဆန်းစစ်မှုကို ပြုလုပ်ပေးပါတယ်။ ဖုန်းတွင်းရှိ chipset နှစ်ခုုကတော့ ဖုန်းကိုအားမသွင်းခင် အားသွင်းစနစ်မှာ လုံခြုံမှုရှိမရှိနဲ့ အားသွင်းနေတုန်း တစ်ခုခု မူမမှန်ခြင်းရှိပါက အားသွင်းခြင်းကို ဖြတ်တောက်ကာ ဖုန်းအားလုံုခြုံစိတ်ချရအောင် ကာကွယ်ပေးထားပါတယ်။ VOOC ရဲ့ 5 layer protection နဲ့ဆို မြန်မာပြည်ရဲ့ မီးခဏ ခဏ ပျက်တဲ့ နွေရာသီမှာ အားကုန်မှာ စိတ်မပူရတဲ့အပြင် မီးပြန်လာတဲ့အခါ မီးအားအတက်အကျနဲ့ ဖုန်းကိုထိခိုက်မှာ စိုးရိမ်ခြင်းအလျဉ်းမရှိပဲ အေးဆေးသက်သာစွာ ဖုန်းအသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

OPPO F11 စမတ်ဖုန်းမှာ ရေစက်ပုံစံမျက်နှာပြင်၊ ၆.၅ လက်မရှိတဲ့ မျက်နှာပြင်အရွယ်အစား၊ ညအချိန်မှာပါ ပိုပြီး ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံရုပ်ထွက်တွေ ရရှိစေမယ့် 48MP+5MP ကျောဘက်ကင်မရာနှစ်လုံး၊ ပိုလှပတဲ့ Selfie ပုံတွေကို ရရှိစေမည့် 16MP AI Beauty ရှေ့ဘက်ကင်မရာ၊ ပုံမှန်အားသွင်းစနစ်တွေထက် တစ်နာရီပိုမြန်တဲ့ VOOC 3.0 အမြန်အားသွင်းစနစ်၊ တစ်နေကုန်အသုံးပြုနိုင်အောင် တာရှည်ခံတဲ့ 4,020mAh ဘက်ထရီပမာဏ၊ 4GB RAM+ 128GB ROM သိုလှောင်မှုပမာဏနဲ့ Android 9.0 ကို အခြေခံထားတဲ့ ColorOS 6 တို့နဲ့ ထွက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ OPPO F11 ဖုန်းကိုတော့ ၃၇၉,၉၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံအနှံ့တွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ 




က္က