loading...

loading...

loading...

မြန်မာနိုင်ငံကိုလည်း ဖြတ်ကျော်ခဲ့ပါတယ်။
Nyein Min Wai

လျှပ်စစ်ယာဉ်တွေရဲ့ အရေးပါမှုနဲ့ကောင်းကျိုးအကြောင်း သက်သေပြဖို့အတွက် ခရီးဆန့်ခဲ့တဲ့ ကမ္ဘာ့အရှည်လျားဆုံး လျှပ်စစ်ကား မောင်းနှင်မှုခရီးစဉ်ဟာ ၃ နှစ်ကျော်ကြာပြီးနောက် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ အဆုံးသတ်ခဲ့ပြီ ဖြစ်ပါတယ်။

Photo: SBS

         နယ်သာလန်နိုင်ငံသား ဝိုင်ဘီဝက်ကာဟာ ၂၀၁၆ မတ်လ ၁၅ ရက်နေ့က အမ်စတာဒမ်ကနေ သူ့ရဲ့ ကမ္ဘာပတ် လျှပ်စစ်ကားခရီးစဉ်ကို စတင်ခဲ့တာပါ။ လျှပ်စစ်ကားတွေဟာ ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်းဖို့အတွက် အရေးပါကြောင်း သက်သေပြဖို့အတွက် ဒီခရီးစဉ်ကို စတင်ခဲ့တာ ဖြစ်ပြီး ခရီးစဉ်တစ်လျှောက် အစားအသောက် နဲ့အိပ်စက်ဖို့အတွက် အပြင် ကားအားသွင်းပေးဖို့အတွက် တစ်ကမ္ဘာလုံးက အများပြည်သူရဲ့ အလှူငွေနဲ့သွားခဲ့တာ ဖြစ်ပါတယ်။

         Phys.org ရဲ့ ဖော်ပြချက်အရ ဝက်ကာရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံအပါအဝင် ၊ တူရကီ ၊ အီရန် ၊ အိန္ဒိယ ၊ မလေးရှား ၊ အင်ဒိုနီးရှားစသည်ဖြင့် နိုင်ငံ ၃၃ နိုင်ငံဖြတ်ကျော်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ လမ်းတစ်လျှောက်မှာလည်း သူဟာ အလုပ်တစ်ချို့လုပ်ကိုင်ခဲ့ပြီး ငွေရှာခဲ့ရသေးတယ်လို့ဆိုပါတယ်။ ဝိုင်ဘီဝက်ကာ မောင်းနှင်ခဲ့တဲ့ လျှပ်စစ်ကားဟာ ခရီးမိုင်ပေါင်း ၅၉၀၀၀ (ကီလိုမီတာ ၉၅၀၀၀) အထိ ပေါက်ခဲ့ပြီး တစ်ခါအားသွင်းထားမယ်ဆိုရင် ကီလိုမီတာ ၂၀၀ အထိ သွားနိုင်တယ်လို့ဆိုပါတယ်။

         ဒီလို အားသွင်းဖို့အတွက် သူဟာ ၃ နှစ်ကျော်အတွင်း ဒေါ်လာ ၃၀၀ ပဲ သုံးခဲ့ရတယ်လို့ဆိုပါတယ်။ ဝက်ဘာဟာ ပုံပြောင်း VW Golf ကားကို EV လျှပ်စစ်ကားအဖြစ် ပြောင်းခဲ့တာ ဖြစ်ပြီး တကယ်လို့ဒီခရီးကို လောင်စာဆီနဲ့သွားမယ်ဆိုရင် ဂါလန်ပေါင်း ၁၇၉၂ အထိ လိုအပ်ပြီး ၂၀၁၈ အမေရိကန်ဓါတ်ဆီဈေးနဲ့ဆိုရင် ၄၅၅၂ ဒေါ်လာခန့်ကုန်ကျမှာပါ။

Photo:gulftoday

         "တကယ်လို့ကမ္ဘာတစ်ဘက်ကိုသာ လျှပ်စစ်ကားတစ်စီးနဲ့ကားမောင်းသွားနိုင်ရင် EV (လျှပ်စစ်ကား) တွေဟာ နေ့စဉ်သုံးဖို့အတွက် ရွေးချယ်စရာ ဖြစ်လာမှာပါ" လို့သူက သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ ရေးခဲ့ပါတယ်။ "ကျွန်တော်ကတော့ လျှပ်စစ်ကားတွေ သုံးခြင်းအားဖြင့် ရေရှည်တည်တံ့ပြီး အကျိုးများမယ့် သွားလာရေး ကောင်းကွက်တွေကို လူတွေ သိရှိလိုက်နာပြီး အမြင်ပြောင်းလာစေချင်ပါတယ်။ "

         အသက် ၃၂ နှစ်အရွယ် ဝက်ကာရဲ့ ၃ နှစ်ကျော် ခရီးစဉ်ဟာ ဧပြီ ၇ ရက်နေ့က သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ အဆုံးသတ်ခဲ့ပြီး ကမ္ဘာ့ အရှည်လျားဆုံး လျှပ်စစ်ကားနဲ့သွားခဲ့တဲ့ ခရီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

      


ဆက်စပ်အကြောင်းအရာများ


loading...

က္က