Tesla Model 3 ဆီဒင်ကားတွေမှာ သုံးသွားဖို့ ရှိပါတယ်။
Nyein Min Wai

လျှပ်စစ်ကားတွေရဲ့ ဘက်ထရီကို ၁၆ နှစ်အထိ အားသွင်းအသုံးပြုနိုင်မယ့် နည်းပညာတစ်ခုအတွက် တရုတ်ကားဘက်ထရီကုမ္ပဏီတစ်ခုဟာ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

Contemporary Amperex Technology Co.Ltd (CATL) ရဲ့ ဥက္ကဌ ဇန်ယူကွင်းဟာ လျှပ်စစ်ကားတွေအတွက် မိုင်ပေါင်း ၁.၂ သန်းကျော်အထိ ‌အားသွင်းအသုံးပြုနိုင်မယ့် ဘက်ထရီ Pack တစ်ခု ထုတ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ Bloomberg ကို ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ဖူလီယန်ခရိုင် နင်ဒဲလ်မှာရှိတဲ့ ကုမ္ပဏီရဲ့ ရုံးချုပ်မှာ တွေ့ဆုံစဉ် ပြောခဲ့တာ ဖြစ်ပါတယ်။


Photo: SCMP

လျှပ်စစ်ကားတွေမှာ လက်ရှိသုံးနေတဲ့ ဘက်ထရီအာမခံဟာ မိုင်ပေါင်း ၁ သိန်းခွဲခန့် ရှိပြီး ၈ နှစ်ခန့် သက်တမ်းအာမခံထားတာပါ။ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကားဘက်ထရီထုတ်လုပ်တဲ့ CATL အနေနဲ့ တာရှည်ခံ ဘက်ထရီနည်းပညာသစ်အကြောင်း သတင်းအချက်အလက်တွေ မျှဝေခြင်း မရှိပေမယ့် Tesla ရဲ့ CEO အီလွန်မတ်စ်ဟာ ဒီဘက်ထရီစနစ်ကို စစ်ဆေးကြည့်ဖို့ တရုတ်ကို အလည်အပတ်လာရောက်ခဲ့တယ်လို့ ကုမ္ပဏီဥက္ကဌက ဆိုပါတယ်။

Tesla ရဲ့ အမှုဆောင်အရာရှိချုပ် မတ်စ်ဟာ ဘက်ထရီသစ်ကို ရှန်ဟိုင်းကားစက်ရုံမှာ တည်ဆောက်မယ့် Tesla Model 3 ဆီဒင်ကားတွေမှာ တပ်ဆင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။ Tesla ဟာ အရင်က ကားဘက်ထရီအတွက် Panasonic နဲ့ LG တို့အပေါ် မှီခိုခဲ့ရတာ ဖြစ်ပါတယ်။ CATL ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ Tesla Model 3 ကားတွေအတွက် ဘက်ထရီတွေ ထုတ်ပေးဖို့ နှစ်နှစ် သဘောတူ စာချုပ်တစ်ခုမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ 

CATL ဟာ ဘက်ထရီသစ်အရေအတွက်ကို လိုသလောက် ထုတ်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ ဈေးနှုန်းအနေနဲ့ လက်ရှိ ထောက်ပံ့ပေးနေတဲ့ ဘက်ထရီတွေထက် ၁၀% ပိုကျသင့်မှာပါ။ CATL ရဲ့ ဖောက်သည်ကားကုမ္ပဏီတွေထဲမှာ BMW ၊ Daimler ၊ Honda ၊ Toyota ၊ Volkswagen နဲ့ Volvo တို့လည်း ပါဝင်နေပါတယ်။ 



ဆက်စပ်အကြောင်းအရာများ


Author


က္က