မကြာခင်မှာ Global version အနေနဲ့ထွက်လာမှာပါ
Nyein Min Wai

MIUI 10 ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက မိတ်ဆက်ခဲ့တဲ့ Xiaomi ဟာ နောက်ထပ် features သစ်တွေ ဒီဆော့ဖ်ဝဲလ်မှာ မိတ်ဆက်သွားဖို့ရှိပါတယ်။

         Xiaomi ရဲ့ official forum မှာ တင်ထားတဲ့ ပို့စ်တစ်ခုအရ ဒီ software update ထဲမှာ features သစ်အများအပြား ထပ်ထည့်ထားသလို တစ်ချို့feature တွေကလည်း develop လုပ်နေဆဲ အခြေအနေမှာပဲ ရှိနေပါတယ်။ features သစ်တွေထဲက တစ်ချို့ကတော့ Chinese ROM အနေနဲ့ထုတ်ထားပြီး Global Version အနေနဲ့လည်း မကြာခင် ထွက်လာတော့မှာပါ။

         လက်ရှိထွက်ထားတဲ့ features သစ်တွေထဲမှာ Persistent Lockscreen လို့ခေါ်တဲ့ ဖုန်းကို ချက်ချင်း unlock screen လုပ်မလား ၊ ဒီအတိုင်း unlock screen အတိုင်းပဲ ထားမလားဆိုတာကို ရွေးချယ်နိုင်သလို Noti တွေ ကြည့်ဖို့နဲ့home screen သွားတာတွေပါလာလို့iPhone တွေမှာ သုံးသလိုမျိုး lock screen ကို ကြည့်လို့ရမယ့် feature ပါလာမှာ ဖြစ်ပါတယ်။

         update သစ်မှာ sound effects သစ်တွေ ၊ အဆင့်မြင့် Dolby effects တွေ ၊ Face Unlock နဲ့လက်ဗွေကို တစ်ပြိုင်နက်တည်း အလုပ်လုပ်နိုင်မယ့် စနစ် ၊ ဘက်ထရီအား သက်သာစေမယ့် စနစ် ၊ screen ကို အသံနဲ့အမိန့်ပေးပြီး ဖွင့်တဲ့ စနစ် နဲ့Dark Mode တွေ ပါလာမှာ ဖြစ်ပါတယ်။ MIUI 10 သစ်မှာ App Store interface အတွက် refresh function နဲ့သတင်းအချက်အလက် screen မှာ rechare status ကို ပြပေးတာတွေ ပါဝင်ပါတယ်။

         ဒါတွေကတော့ တရုတ်ဗားရှင်းအနေနဲ့ထွက်ထားတဲ့ features တစ်ချို့ဖြစ်ပြီး နောက်လအနည်းငယ်အတွင်းမှာ app တစ်ခု install သွင်းပြီးတာနဲ့apk file တွေကို အလိုအလျောက် ဖျက်ပစ်တာ ၊ photo အယ်လ်ဘန်အတွက် local recycle bin ထားတာ ၊ ပုံတွေကို 18:9 crop လုပ်တာတွေ ပါဝင်မှာ ဖြစ်ပါတယ်။

         MIUI 10 ကို Xiaomi ၈နှစ်ပြည့်အခမ်းအနားမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပြီး ဒီဆော့ဖ်ဝဲလ် update သစ်ဟာ ဒီဇိုင်းပိုင်း ၊ ကင်မရာနဲ့UI ပြဿနာတွေကို ရှင်းထားပြီး features သစ်တွေနဲ့အားဖြည့်ထားတာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က