စုစုပေါင်း ဖုန်း ၂၈ မျိုးကို update ပေးသွားမှာပါ
Nyein Min Wai

တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ဟာ အိန္ဒိယဈေးကွက်မှာ Redmi Note 8 နဲ့Redmi Note 8 Pro မိတ်ဆက်မှုနဲ့အတူ MIUI 11 Global Stable ROM ဖြန့်ချိမယ့်ရက်နဲ့ဒီ Latest ဗားရှင်းရမယ့် ဖုန်းစာရင်းကို ထုတ်ပြန်ထားပါတယ်။


custom Android skin သစ် MIUI 11 Global Stable ROM ကို Xiaomi ဟာ စုစုပေါင်း ဖုန်း ၂၈ မျိုးမှာ ဖြန့်ချိသွားမှာ ဖြစ်ပြီး ပထမဆုံး အသုတ်မှာ ပါတဲ့ ဖုန်း ၇ မျိုးကို အောက်တိုဘာ ၂၂ ရက်နေ့က စပြီး update ပေးသွားမှာပါ။ GSMArena ကနေ ရရှိထားတဲ့ စာရင်းများအရ အောက်တိုဘာ ၂၂ ရက်ကနေ ၃၁ ရက်နေ့အတွင်း MIUI 11 Global Stable ROM ကို Poco F1 ၊ Redmi K20 ၊ Redmi Y3 ၊ Redmi 7 ၊ Redmi Note 7/7s နဲ့7 Pro တို့မှာ တင်နိုင်တော့မယ်လို့ဆိုပါတယ်။

Photo: androidauthority


၄ သုတ်ခွဲပြီး MIUI 11 ပေးသွားမယ့် ဖုန်းတွေထဲမှာ နောက်ဆုံးရမယ့်ဖုန်းကတော့ Redmi Note 8 Pro ဖြစ်ပြီး ဒီဖုန်းကိုင်သူတွေဟာ ဒီဇင်ဘာ ၁၈ ရက်ကနေ ၂၆ ရက်အတွင်း update ရမှာပါ။ Redmi A series အနေနဲ့Redmi 8A ကနေ Redmi 6A အထိ ပါဝင်ခဲ့သလို တစ်ခြား Redmi series တော်တော်များများလည်း MIUI 11 update ရမှာ ဖြစ်ပါတယ်။

MIUI 11 ဟာ Xiaomi ဖုန်းတွေအတွက် features အမျိုးမျိုး ယူဆောင်လာမှာ ဖြစ်ပြီး ဒီထဲမှာ dark Mode ၊ ဖုန်း screen မှာ Video Wallpapers နဲ့Native Step tracker စနစ်တို့ပါဝင်လာပါတယ်။ MIUI 10 နဲ့မတူတာက MIUI 11 ဟာ Always-On Experience ပေးဖို့ဒီဇိုင်းဆွဲထားတာပါ။

Photo: mobigyaan


lock screen ပေါ်မှာလည်း symmetrical patterns တွေ ထပ်ထည့်သွားမှာ ဖြစ်သလို users တွေအနေနဲ့လည်း lock screen မှာ ကိုယ်ပိုင် custom codes တို့messages တို့ထပ်ထည့်နိုင်မှာ ဖြစ်ပါတယ်။ MIUI 11 ဟာ File Manager app ကို document viewer တစ်ခုနဲ့upgrade လုပ်ထားပြီး အထဲက documents တွေကို preview ကြည့်နိုင်မှာပါ။

Xiaomi ဟာ MIUI 11 မှာ သဘာဝနောက်ခံအသံအထူးပြုလုပ်ချက်တွေ ၊ ကြိုးမဲ့ ပရင့်ထုတ်နိုင်မယ့် wireless print ၊ dual clock စနစ် ၊ Game Turbo နည်းပညာသစ်နဲ့Gallery monthly view စတဲ့ features တွေလည်း ထည့်သွားမယ်လို့ကြေညာထားပါတယ်။


က္က