တရုတ်မှာ stable MIUI 12 update သစ်ကို ဇွန်လကုန်မှာ စတင်ဖြန့်ချိသွားမှာပါ။
Nyein Min Wai

ဧပြီလကုန်ပိုင်းက Mi 10 Youth ဖုန်းသစ်နဲ့အတူ ကြေညာခဲ့တဲ့ MIUI 12 ဟာ Global Market ထဲ ရောက်လာတော့မှာပါ။

တရုတ်ပရိတ်သတ်တွေအတွက် ကနဦးမိတ်ဆက်ခဲ့တဲ့ MIUI 12 ကို Global မိတ်ဆက်မယ့်အချိန်ကို MIUI Twitter အကောင့်မှာ သင်္ချာပုစ္ဆာလေးနဲ့ ပြထားပါတယ်။ ပုစ္ဆာရဲ့အဖြော ၁၉ ဂဏန်းဖြစ်လို့ မေလ ၁၉ ရက်နေ့မှာ ကြေညာသွားမယ်လို့ GSMArena က ခန့်မှန်းထားပါတယ်။ MIUI twitter အကောင့်မှာလည်း MIUI 12 လို့ # သင်္ကေတနဲ့ ပြထားတာ ဖြစ်ပါတယ်။

Photo: GSMArena


Xiaomi ဟာ MIUI တရုတ်နဲ့ Global ဗားရှင်းတွေကို schedule အမျိုးမျိုးနဲ့ ဖြန့်ချိတဲ့ အစဉ်အလာ ရှိတာကြောင့် ဗားရှင်းသစ်နဲ့ ကိုက်တဲ့ Xiaomi နဲ့ Redmi ဖုန်းတွေရဲ့ Global version တွေကို မေလ ၁၉ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုသွားဖို့ ရှိပါတယ်။ တရုတ်မှာ stable MIUI 12 update သစ်ကို ဇွန်လကုန်မှာ စတင်ဖြန့်ချိသွားမှာပါ။ တရုတ်မှာ MIUI 12 ကို အချိန်ဇယား ၃ မျိုးခွဲပြီး update ပေးမယ့်အကြောင်းလည်း ကြေညာထားပါတယ်။

MIUI 12 ဟာ ပိုပြီး ရှင်းလင်းလာတဲ့ UI ဒီဇိုင်း ၊ Dark Mode 2.0 စနစ် ၊ Android 10 ပုံစံ gesture navigation နဲ့ Live Wallpapers (Super Wallpaper) နဲ့ privacy features တွေ သုံးထားပါတယ်။ MIUI 12 မှာ စိတ်ဝင်စားစရာ features တွေ အဖြစ် ဆွံ့အ နားမကြားသူများအတွက် AI Calling အသံဖြေကြားစနစ် ၊ အားကစားလုပ်သူများအတွက် တိကျစုံလင်လှတဲ့ Fitness Feature များ ပါဝင်လာပါတယ်။

Android Central သတင်းအရ Xiaomi ဟာ အိန္ဒိယမှာ MIUI 12 ကို စမ်းသုံးမယ့် pilot tester တွေ ခန့်အပ်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ လောလောဆယ် Xiaomi MIUI 12 တင်နိုင်တဲ့ ဖုန်းစာရင်းပေါင်း ၃၀ ကျော် ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က