ပထမအသုတ်မှာ ဖုန်း ၅ မျိုးအတွက် ပံ့ပိုးထားပါတယ်

ဇွန်လကုန်ကစပြီး MIUI 12 ကို Xiaomi ဖုန်းမော်ဒယ် ၅၀ နီးပါးမှာ Update တင်နိုင်တော့မှာပါ။

ပြီးခဲ့တဲ့ လကုန်ပိုင်းက Xiaomi ဟာ MIUI 12 သစ်ကို တရုတ်မှာ တရားဝင် မိတ်ဆက်သွားခဲ့ပါတယ်။ MIUI 12 Global ဖြန့်ချိမယ့်ရက်ကိုလည်း ကုမ္ပဏီဟာ ပြီးခဲ့တဲ့ လထဲမှာ ကြေညာခဲ့တာပါ။ Android skin သစ် ဖြစ်တဲ့ MIUI 12 ဟာ visual ပိုင်းမှာ ပိုမို ရှင်းလင်းလာတဲ့ UI ၊ ကင်မရာ/မိုက်ခရိုဖုန်း/တည်နေရာ/အဆက်အသွယ်နဲ့ ဖုန်းခေါ်ဆိုမှု မှတ်တမ်းတွေ သုံးနေတဲ့ app တွေကို စောင့်ကြည့်ကန့်သတ်နိုင်တဲ့ privacy controls စနစ်များ ၊ custom animation လုပ်နိုင်တဲ့ Always-on Display style ပေါင်း ၁၀၀၀ ကျော် ၊ MIUI ကင်မရာ app တစ်ခု စသည်ဖြင့် feature သစ် စုံစုံလင်လင် သုံးလာပါတယ်။




Photo: indianexpress

MIUI 12 သစ်ဟာ ဇွန်လက စပြီး Global ဖြန့်ချိရောင်းချထားတဲ့ Xiaomi နဲ့ Redmi ဖုန်းအားလုံးမှာ ရောက်ရှိလာတော့မှာပါ။ ဇွန်လကုန် ပထမအသုတ်အနေနဲ့ Xiaomi Mi 9 ၊ Xiaomi Mi 9T ၊ Xiaomi Mi 9T Pro နဲ့ Redmi K စီးရီးသစ်တွေ ဖြစ်တဲ့ Redmi K20 နဲ့ Redmi K20 Pro တို့အတွက် ဖြန့်ချိပေးသွားမယ်လို့ Gizmochina သတင်းမှာ ဆိုပါတယ်။ ဒုတိယအသုတ်ဖြန့်ချိမှုအတွက် အချိန်မသိရသေးပါဘူး။

ဒုတိယအသုတ် MIUI 12 တင်နိုင်မယ့် ဖုန်းစာရင်းမှာ Xiaomi Mi Series ထဲမှ Xiaomi Mi 10/10 Lite / 10 Pro ၊ Xiaomi Mi 9 Lite / Mi 9 SE ၊ Xiaomi Mi 8 /8 Lite နဲ့ Mi 8 Pro ၊ Xiaomi Mi Mix စီးရီးတွေ ဖြစ်တဲ့ Xiaomi Mi Mix 3 ၊ Xiaomi Mi Mix 2S နဲ့ Xiaomi Mi Mix 2 ၊ Xiaomi Mi Note စီးရီးထဲမှ Xiaomi Mi Note 10/Mi Note 10 Lite နဲ့ Xiaomi Mi Note 3 ၊ Xiaomi Mi Max 3 တို့ ပါဝင်ပါတယ်။

Photo: indianexpress


Redmi မော်ဒယ်များထဲမှ Note စီးရီးဖြစ်တဲ့ Redmi Note 7/ Note 7S/Note 7 Pro ၊ Redmi Note 8/Note 8T/Note 8 Pro ၊ Redmi Note 8, Note 8T, Note 8 Pro ၊ Redmi Note 9/Note 9s/Note 9 Pro/Note 9 Pro Max ၊ Redmi Note 5/Note 5 Pro နဲ့ Redmi Note 6 Pro ဖုန်းများ ၊ Redmi စီးရီးထဲမှ Redmi 8/ 8A/ 8A Dual ၊ Redmi 7/Redmi 7A ၊ Redmi 6/6A/6 Pro တို့လည်း MIUI 12 သစ် တင်နိုင်မှာပါ။

Redmi S နဲ့ Y Series များထဲမှ Redmi Y2 ၊ Redmi Y3 နဲ့ Redmi S2 ၊ POCO စီးရီးထဲမှ POCO F1 ၊ POCO F2 Pro ၊ POCOPHONE F1 နဲ့ POCO X2 တို့လည်း ဒုတိယအသုတ် MIUI 12 တင်နိုင်မယ့် ဖုန်းစာရင်းမှာ ပါဝင်နေပါတယ်။ Global Beta ဗားရှင်းကိုတော့ လာမယ့်အပတ်ထဲမှာ အားလုံးအတွက် ဖြန့်ချိသွားဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က