Google Play Store မှာ pre-register တင်လို့ရပါပြီ
Nyein Min Wai

Riot Games ရဲ့ နာမည်ကျော် PC ဂိမ်းဖြစ်တဲ့ League of Legends: Wild Rift ဟာ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ မိုဘိုင်းနဲ့Consoles တွေပေါ် ရောက်လာတော့မှာပါ။

LOL ရဲ့ ဗားရှင်းသစ် Wild Rift ဟာ MOBA (Multiplayer online battle arena) Gameplay နဲ့လာမှာ ဖြစ်ပြီး လက်ရှိ LOL ထဲက features တွေကို အသစ်တွေနဲ့ထပ်အားဖြည့်သွားမယ်လို့Engadget က ဆိုပါတယ်။ Wild Rift မှာ လက်ရှိ LOL ရဲ့ ချန်ပီယံဇယားထဲက ဇာတ်ကောင် ၄၀ ပါမှာ ဖြစ်ပြီး LOL ရဲ့ အကြီးဆုံး မြေပုံ Summoner's Rift ကို အခြေခံထားတဲ့ 5v5 map တစ်ခုလည်း သုံးနိုင်မှာပါ။




Riot အနေနဲ့Wild Rift ကို ကြေညာဖို့အချိန်ယူရေးဆွဲခဲ့ရပြီး ဒီဗားရှင်းဟာ PC ဂိမ်း LOL ကို ပုံတူကူးထားတာ မဟုတ်ဘူးလို့ပြောထားပါတယ်။

" LOL ကစားတဲ့ အတွေ့အကြုံကို ဆန်းသစ်ပြုပြင်ဖို့အသစ်စက်စက် တည်ဆောက်ထားတဲ့ ဂိမ်းပါ" လို့Riot က ဆိုပါတယ်။ Riot Games အနေနဲ့မိုဘိုင်းဗားရှင်းကို လာမယ့် ၂၀၂၀ နှစ်ကုန်မှာ တစ်ကမ္ဘာလုံး ကစားနိုင်အောင် ဖြန့်ချိဖို့စီစဉ်နေပါတယ်။ ဒီဂိမ်းဟာ အခမဲ့ ဒေါင်းလုပ်ဆွဲ ကစားနိုင်မယ့် ဂိမ်းအမျိုးအစားဖြစ်ပြီး champions တွေ unlock ဖြစ်ဖို့အတွက် ငွေသုံးစရာ မလိုဘူးလို့ဆိုပါတယ်။

Android ထုတ်ကုန်တွေအတွက် အခုကတည်းက Google Play Store မှာ pre-register တင်နိုင်မှာပါ။ အရှေ့တောင်အာရှ ၊ ထိုင်ဝမ် ၊ ဟောင်ကောင်နဲ့မကာအိုက သုံးစွဲသူတွေအနေနဲ့ဆိုရင် Sign up လုပ်ထားတာနဲ့bonus ပါ ရမယ်လို့လည်းဆိုပါတယ်။ ကုမ္ပဏီအနေနဲ့နောက်လအနည်းငယ်အတွင်းမှာ ဒီဂိမ်းကို တရုတ်နိုင်ငံက စပြီး alpha နဲ့beta ဗားရှင်းတွေအဖြစ် စတင် ဖြန့်ချိသွားဖို့ရှိပါတယ်။

Photo: NDTV Gadgets


League of Legends ဟာ ၂၀၁၉ နှစ်ဝက်အတွင်း Twitch Streaming ပလက်ဖောင်းမှာ လူကြည့်အများဆုံး ဂိမ်း ၁၀ ခု စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ ဂိမ်းပါ။ သြဂုတ်လဆန်းပိုင်းက ထုတ်ပြန်တဲ့ Esports Observer ရဲ့ အချက်အလက်များအရ LOL ကို Twitch မှာ ကြည့်ရှုကြတဲ့ နာရီပေါင်း ၅၁၂.၃ သန်း ရှိထားခဲ့တယ်လို့ဆိုပါတယ်။


က္က